အပိုင်း ( ၅ )

331 21 0
                                    


စံအိမ်၏ဘယ်ဘက်ဘေးအစွန်‌ထောင့်တစ်နေရာတွင်သီးသန့်အထည်ရက်လုပ်ရန်ပြုလုပ်ထားသည့် အမိုးအကာလုံခြုံသည့်အိမ်ငယ်လေးတစ်လုံးရှိသည်။စံအိမ်ဝင်းအတွင်
ထိုအိမ်ငယ်မှာ အတန်သင့်ကျယ်ဝန်းလေသည်။

အဝင်လမ်းတွင် ချော‌မွေ့သော ကျောက်တုံးတို့ဖြင့် လမ်းခင်းထားသည်။အိမ်ငယ်ထောင့်နားတွင်စကားနီပန်းပင်ပု နှစ်ပင်ကပ်ရက်စိုက်ထားပြီညာဘက်တွင်ကား ကျွန်းသစ်စားပွဲနှင့်ထိုင်ခုံတို့ရှိသည်။တရုတ်စကားနီပွင့်တို့သည်ကားအဆုပ်လိုက် နီရဲနေအောင်ဖူးပွင့်နေကြ၏။အပွင့်တချို့မှာ ပင်ခြေရင်းတွင် ကြွေကျနေသည်။

အဝင်ဝမှတဆင့် အထဲသို့အနည်းငယ်လှမ်းလိုက်လျှင်သီးသန့်ရုံငယ်လေးတစ်ခုကိုတွေ့ရသည်။တိတိကျကျဆိုရသော် ဘေးနားပတ်လည်တွင် ချည်မျှင်တန်းများဝန်းရံထားသောရက်ကန်း စင်လေးတစ်ခု။

ဘေးနားရှိ မှန်ဗီရိုငယ်လေးတစ်ခုချင်းစီတွင်
အရောင်အသွေးစုံလင်သော ရက်ပြီးသားအထည်များစွာရှိသည်။ ထိုအထည်တို့မှာအနည်းငယ်ရှေးကျသလို ဖန်တီးပုံတို့လည်းအနည်းငယ်ထူးဆန်းသည်။ပတ်ပတ်လည်တွင် အရောင်အ‌သွေးစုံသောချည်မျှင်များနှင့် အစီအရီသိမ်းထားသည့်ချည်ထုပ်ပေါင်းများစွာလည်း ရှိ‌လေသည်။

ဤသည်မှာ ဖွားမေ၏ရက်ကန်းစင်သာ
ဖြစ်သည်။ဖိုးဖိုးကြီး မရှိတော့သည့်အချိန်မှစ၍ မည်သည့်ကြင်ဖော်ကိုမှမရှာတော့ဘဲ
ရက်ကန်းရက်ရင်းနှင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။ရက်ကန်းသာရက်နေရလျှင် စိတ်ချမ်းသာပြီး တခြားမည်သည့်အရာကိုမှ မမက်မောတတ်သောဖွားမေ၏ဘဝသည် ဤသို့ဖြင့်သာ အဆုံးမဲ့ အေးချမ်းခဲ့ပုံရသည်။

ယခင်က ဖွားမေ၏ကျန်းမာရေးကို လွှမ်းအထူးဂရုစိုက်ပေးခဲ့ရပြီး နောက်ပိုင်းလွှမ်းအိမ်မှထွက်လာသည့်အချိန်မှသာ ကျော်သာလက်ထဲလွှဲပေးခဲ့ရသည်။

အထည်တစ်ထည်ရက်ပြီးတိုင်း ထိုအထည်တို့ကို တယုတယသိမ်းဆည်းတတ်သည်မှာ ဖွားမေ၏အကျင့်။ထိုအချိန်ဆိုလျှင် ဖိုးဖိုးကြီးနှင့်လက်ထပ်ခဲ့စဉ်က အကြောင်းများကိုလည်း ကြည်ကြည်နူးနူးပြောတတ်သေးသည်။ဖွားမေတို့ခေတ်ကတည်းမှ ရက်ကန်းရက်ပြိုင်ကြသည့် ဓလေ့များရှိကာ
ထိုအကြောင်းများကိုလည်း ဝမ်းပန်းတသာ
ပြောချင်ပြောလိမ့်မည်။ထိုအခါ ဖိုးဖိုးကြီးနှင့်
မည်သို့ဆုံခဲ့ပုံ၊ ဖိုးဖိုးကြီးနှင့်
လက်ထပ်စဉ်က သတို့သားဖြစ်သူဖိုးဖိုးကြီးအတွက် ဝတ်ရုံပုဆိုးကို ဖွားမေကိုယ်တိုင်အထည်ဝါဆုံးရက်လုပ်ခဲ့ရကြောင်းကိုလည်း ဂုဏ်ယူစွာပြောတတ်သေးသည်။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now