အပိုင်း ( ၁၉ )

259 23 11
                                    

ခြံအနောက်ဘက်ကုန်းကမူပေါ်မှ မျက်စိတစ်ဆုံးမြင်နေရသောတောတန်းလေးသည်တောင်တန်းကြီး၏ လွှမ်းမိုးခြင်းကိုခံထားရသည်။ ဤ‌ကုန်းမြင့်ပေါ်မှလှမ်းမြင်နေရသော မှိုင်းပြာပြာတောင်ခိုးများသည် သစ်ပင်များအုံ့ဆိုင်းနေသောတောင်တန်းတစ်လျှောက် မှိုင်း၍နေသည်။

ကောင်းကင်ထက်တွင်လည်း ပြိုတော့မလို ငိုတော့မည့်အရိပ်အယောင်ဖြင့် မိုးသားတိမ်တိုက်တို့က
ဟိုတစ်စဒီတစ်စ လေနှင်ရာ ပြန့်လွင့်နေလေသည်။ မိုးရိပ်ပါသောတောင်လေတချို့တိုက်ခတ်မှုကြောင့်  တဖျတ်ဖျတ်မြည်သွားသည့် သစ်ရွက်သစ်ခက်သံများ။

ကောင်း‌ကင်ပေါ် မော့ကြည့်လိုက်ချိန် မိုးစက်လေးတစ်ပွင့် လွှမ်းပါးပေါ်သို့ ညင်သာစွာတို့ထိကျီစယ်လာသည်။ အယောင်ပြရုံသာပြပြီး ဘယ်တော့မှမရွာတတ်သော မိုးသည် မိုးခေါ်ငှက်များ၏ဆွေးဆွေးမြေ့မြေ့အော်သံအဆုံးတွင် အမှန်တကယ် ရွာကျလာတော့သည်။

တောင်ကမူထက်တစ်နေရာတွင် ထိုင်နေသောလွှမ်းသည် မိုးရေတို့ဖြင့် မှုန်မှိုင်းရီဝေနေသောရှမ်းတောင် တန်းကြီးကို ငေးမျှော်ကြည့်နေမိသည်။ ၇ နှစ်ဟူသောအချိန်သည် လူတစ်ယောက်ကိုမေ့ပစ်ရန် လွှမ်းအတွက်တော့ မတတ်နိုင်ခဲ့သည့်ပုံပင်။

တစ်စုံတစ်ယောက်ပေါ်တွင်သာ ဖြစ်တည်ခဲ့သောချစ်ခြင်းသည် တစ်သက်တာအတွက်လုံလောက်ခဲ့ပြီဟု ထင်မိသော်လည်း လက်လွှတ်နိုင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့မိသည့်တိုင် မမျှော်လင့်ထားမိပါဘဲ တမြေ့မြေ့နှင့်စွဲလမ်းတမ်းတခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။နောက်ဆုံး မေ့ပစ်ရန်မတတ်နိုင်သည့်အခါ  လက်ခံလိုက်ရုံပြင် တခြားမရှိတော့ပြီ။

‌တဖွဲဖွဲကျနေသော မိုးစက်အကြား ကောင်းကင်ကိုမော့ကြည့်ရင်း ထိုနေ့ညကအဖြစ်ကို ပြန်တွေးမိချိန် ကိုယ့်ကိုယ်ကိုယ်စိတ်အလိုမကျမှုနှင့်အတူ ရယ်ရုံအပြင်မရှိတော့။ ထိုသူ၏ ပွေ့ဖက်မှု၊ ယုယကြင်နာမှုနှင့် နူးညံ့သောအနမ်းတို့ကြား အရာအားလုံးညံ့သက်သွားရသည်အထိ ထိုသူကိုလွမ်းမိနေသည့်အဖြစ်ကိုတော့ ရှက်မိသလိုစိတ်လည်းပျက်ရသည်။ ထို့ထက်ပို၍ ကသိကအောက် ဖြစ်ရသည်က......။

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now