အပိုင်း ( ၉ )

330 30 5
                                    

ကန်ရေပြင်တစ်နေရာရှိ ရေပေါ်စားသောက် ဆိုင်တွင် မနက်စာ စားနေသည့်ဝေယံ။ အချိန်ကား မနက်စောစော လင်းရောင်ခြည်သမ်းစ မနက်ခင်း။ အနီးအနားတွင်လှေဖြင့်သွားလာဈေးရောင်းနေကြသူများ။ စက်လှေဖြင့်ပြေးလွှား နေသူများနှင့်ရေပေါ်တွင် ဈေးရောင်း၊ ဈေးဝယ်နေကြသူများ၏ မြင်ကွင်းသည် အလွန်ပင်လှ၏။

ကိစ္စတစ်ခုကြောင့် ဤနေရာသို့ ခပ်‌စောစောရောက်နေရသော်လည်း မြင်ကွင်းအလှတရားများက ပျင်းရိဖွယ်မရှိ။ Boss ဖြစ်သူ ခန့်ထင်မင်းလွင်နောက်သို့ တစ်နှစ်ကျော်မျှ လိုက်ခဲ့ရသည့်အတောအတွင်း ယခုတစ်ကြိမ် အလုပ်အရှုပ်ဆုံးနှင့်အပင်ပန်းဆုံးဖြစ်သော်လည်း ဤနေရာ‌ဤဒေသတွင်ရှိနေရသည့်ခံစားချက်က မဆိုးလှပေ။ မှိုင်းညို့ညို့တောင်တန်းနောက်ခံနှင့်အတူ အုံ့မှိုင်းနေသောမိုးရိပ်တို့ကမနက်ခင်းနှင့်မလိုက်ဖက်သော်ငြား မသိမသာလေး လှ‌ပ‌နေပြန်ပါ၏။

မနက်စာကိုဖြည်းဖြည်းချင်းစား‌နေရင်းနှင့် တစ်နာရီခန့်အကြာတွင် ဆိုင်အတွင်းသို့ ဝင်လာသည့်တစ်စုံတစ်ယောက်။ ထိုဝင်လာသူကို မသိမသာလေး အကဲခတ်မိသည့်ဝေယံ။ အနည်းငယ်ညိုသော အသားအရည်နှင့်ထိုသူသည် အထက်အညာအရပ်မှ လူတစ်ယောက်ဟုထင်ရစေသည့်ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း တကယ်တမ်းထိုသူသည် အင်းသား စစ်စစ်တစ်ယောက်ဖြစ်ကြောင်း ဝေယံဘက်က သိပြီးသားဖြစ်၏။ မသိမသာအကဲခတ်နေဉ် ထိုသူကဆိုင်ခန်းအတွင်းသို့တန်းတန်းမတ်မတ် ဝင်‌ရောက်သွားတော့၏။

ဆိုင်အတွင်းသို့ ဝင်လာသူမှာကျော်သာဖြစ်သည်။ ကျော်သာသည် ကိစ္စတစ်ခုဖြင့် ဦးစိုင်းသူအမည်ရှိလူတစ်ယောက်နှင့်လာရောက်တွေ့ဆုံခြင်း။ အင်းအဖွဲ့သားများတွင် ဦးစိုင်းသူလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သာမန်ဆန်ဆန်ရေပေါ်စား‌သောက်ဆိုင်တချို့ကို ပိုင်ဆိုင်ထားသော ဦးစိုင်းသူသည် ဤအင်းရွာစဉ်တစ်လျှောက်တွင် အထူးဦးစားပေးခံရသော အရေးပါသောလူတစ်ယောက်လည်းဖြစ်၏။ ကျော်သာ့ကိုမြင်သည်နှင့် ချက်ချင်းပင်နှုတ်ဆက်လာပုံမှာ တရင်းတနှီးနှင့်။

“ လာဟေ့ ကျော်သာ ဦးဖြင့်တစ်နေ့က လူစုတဲ့အထဲမပါလိုက်ရတော့ စိတ်ထစ်နေသေးတာ လာမှလာပါ့မလားလို့”

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now