အပိုင်း ( ၃ )

433 24 7
                                    


ဖြည်းဖြည်းမှန်မှန်ရွေ့နေသော အနက်​​ရောင်ကားလေးသည် ကြီးမားလှသော ခြံကြီးရှေ့
တွင်ခေတ္တ ရပ်သွားတော့သည်။

ကားဒါရိုက်ဘာမှဟွန်းနှစ်ချက်မျှတီးပြီး
သည့် အခါမှသာခြံစောင့်ဖြစ်ပုံရသည့်တစ်စုံတစ်ယောက်ကခြံတံခါးကို ဖွင့်ပေးလေသည်။

ထို့နောက် ကားအနက်လေးသည်အကျယ် ပေ၈၀၀ပတ်လည်ခန့်ကျယ်ဝန်းလှသော မဟာစံအိမ်ကြီးတည်ရှိရာဆီသို့ ဦးတည်မောင်းခဲ့လေသည်။

စံအိမ်ဆီဦးတည်ရာလမ်းတစ်လျှောက်လုံးတွင်တိတ်ဆိတ်ငြိမ်သက်နေ၏။မဟာစံအိမ်တည်ရာသည်မြို့ပြင်ကျကျ တောင်ကုန်းပေါ်တွင်ဖြစ်သည်။ခြံအတွင်းသို့ဝင်ရောက်သည့်အခါ ဘေးတစ်ဖက်တွင် လှပသောပန်း
ဥယျာဥ်ကြီးတစ်ခုရှိသည်။အမျိုးအစားစုံလင်သောပန်းခြံကြီးထဲတွင် ပန်းများဖူးပွင့်နေကြသည်။ဂရုတစိုက်ပင် စိုက်ပျိုးထားခြင်းခံရသည်မှာ သိသာလှသည်။

ကျန်တစ်ဖက်တွင်ကား ကြီးမားကျယ်ဝန်းလှသော အလှရေကန်ကြီးတစ်ကန်ရှိပြီး ထိုရေကန်ကြီး၏သက်တမ်းသည် စံအိမ်နှင့်ထပ်တူကျကြောင်း တွယ်ကပ်နေသောရေညှိများကသက်သေပြနေသည်။

ကန်ဘောင်ဘေးတွင်ကား ကြီးမားလှသောမိုးမခပင်ကြီးတစ်ပင်နှင့်အတူ အကိုင်းအခက်များအကြားတွဲလောင်းကျနေသော ဒန်းအသေးစားတစ်ခု။ကျန်တစ်ဖက်တွင်ကား ရှေးကျသောသစ်သားစားပွဲဝိုင်းတစ်ခုရှိသည်။ကန်အတွင်းတွင်တော့ အရောင်သွေးစုံလင်သော ကြာပန်းမျိုးစုံတို့ ဖူးပွင့်နေကြလေသည်။

လှပအေးချမ်းသောမြင်ကွင်းတစ်ခုဖြစ်သော်
လည်း ထိုကားလေးကတော့ မြင်ကွင်းတို့ကို
လျှင်မြန်စွာကျော်ဖြတ်လျှက် ထီးထီးတည်းတည်ရှိနေသော စံအိမ်ဆီသို့သာဦးတည်နေ လေသည်။ ထို့နောက် ကြီးမားလှသောကိန္နရာမောင်နှံရုပ်ထုကြီး မားမတ်စွာတည်ရှိနေသော စံအိမ်ဆီသို့ရောက်လာခဲ့သည်။
ကျွန်းသစ်တို့ဖြင့်သာ ထည်ဝါစွာတည်ဆောက်ထားသော မဟာစံအိမ်သည်ထိုမြို့တွင်ရှေးကျသောဒုတိယ‌မြောက်အမွေအနှစ်စံအိမ်အဖြစ် စာရင်းဝင်လေသည်။

ကားပေါ်မှ ဆင်းလာသော လွှမ်းသည်
စံအိမ်၏ ဘေးဘက်ရှိထူးခြားလှပစွာ
အသက်ဝင်နေသော ကိန္နရာမောင်နှံရုပ်ထုကြီးကို တစ်ချက်မျှပင်လှည့်မကြည့်ဘဲအိမ်ထဲသို့သာခပ်ကျဲကျဲသော ခြေလှမ်းတို့ဖြင့်
တောက်လျှောက် ​ဝင်သွားတော့သည်။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now