အပိုင်း ( ၈ )

348 29 6
                                    


မနက်စောစော နိုးလာသည့်လွှမ်းသည့် လက်ရှိအခြေအနေကို သတိရလိုက်တော့ လှပခဲ့သော အိပ်မက်ကတောင် ပျောက်ကွယ်လုနီးနီး။ ယနေ့အလုပ်ကိစ္စအကြောင်းကို ထပ်မံတွေးမိချိန် အိပ်ရာမှလူးလဲထကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်သွားသည်။ အိပ်နေကျအခန်းမဟုတ်တော့ အိပ်ရသည်မှာ သက်တောင့်သက်သာရှိမနေခဲ့ပါချေ။

ညောင်းနေသော ဇက်ကြောကို နှစ်မျှ ဟိုဘက်ဒီဘက်လှည့်လိုက်တော့ ခေါင်းပင်မူးနောက်သလို ခံစားသွားရသည်။ ရေပါတစ်ခါတည်းတန်းချိုးရင်း bathrobe တစ်ထည်ကိုကောက်ဝတ်ပြီးပြန်ထွက်လာချိန် လက်ရှိအခန်းတွင် လွှမ်းအဝတ်များ တစ်ထည်မျှရှိမနေကြောင်းကိုသတိရသွားသည်။

သက်ပြင်းကိုတစ်ချက်ချရင်း မတွေ့ချင်
မမြင်ချင်သောသူနှင့် ထပ်ပြီးမဆုံချင်သော်လည်းမတတ်နိုင်ပေ။ ဤအိမ်တွင် နောက်ထပ်မည်မျှကြာအောင်နေမည်ကို
မသေချာတာကြောင့် ရှောင်နေလည်းမထူးသလို ရှောင်နေစရာလည်းမလိုအပ်ပါ။
အနှောင့်အယှက်ဖြစ်ရသည်ကို လစ်လျှူရှုလိုက်လျှင် ရပြီ။

လွှမ်းအခန်းရှေ့ရောက်ချိန်တော့ ထင်ထားသလိုမျိုး တစ်စုံတစ်ယောက်မှာ လွှမ်းအခန်းထဲပိုင်စိုး၍နေနေခြင်းမျိုးမရှိသလို ထိုလူ့ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရ။ ထိုအခါမှ စိတ်သက်သာရသွားသည့်လွှမ်းသည် အခန်းထဲတွင် လိုအပ်သောဝတ်စုံတို့ကိုသေချာလဲလှယ်နေသေးသည်။ ခန့်ထင်မင်းလွင်ဆိုသောလူက အကျင့်စရိုက်အနည်းငယ် ပြောင်းလဲလာရုံကလွဲ မည်သည့်ထူးထူးဆန်းဆန်းအပြုအမူကိုမှ ပြုလုပ်မလာသည်ကိုပင် ကျေးဇူးတင်ရမည်။

အဝတ်များလဲပြီးသွားသည့်လွှမ်းသည် ‌အိမ်အောက်ထပ်သို့ ပြန်ဆင်း၍မနက်စာစားသည်။ အိမ်ထိန်းပြင်ပေးထားသော မနက်စာကို စားနေချိန် ကျော်သာရောက်လာပြီး ယနေ့အလုပ်အတွက် အချိန်များကိုပြသည်။

ရက်ကန်းရုံရှိ အထည်များကို မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ်အရပ်ရပ်သို့ တဖန်ပို့၍ရောင်းချခြင်းဖြစ်၏။ အထူးသဖြင့် လက်ရက်ကန်းအထည်များကို ဦးစားပေးပြီး ထိုအထည်များနှင့်ပတ်သက်၍လုံးဝ အမှားအယွင်းမခံနိုင်ပေ။ လွှမ်းနှင့် တစ်ကြိမ်အလုပ်တွဲလုပ်သူတိုင်း ထိုအထည်များနှင့်ပတ်သက်၍ အင်းသားလက်ရက်အထည်ဒိုင်ချုပ်ဖြစ်သည့်လွှမ်းက မည်မျှတင်းကြပ်သည်ကို သိကြသည်။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now