အပိုင်း ( ၁၀ )

291 29 3
                                    

💕He is an invaluable treasure for him.💕

လူရှုပ်နေသည့် မီးပုံးပျံကွင်းပြင်ထဲမှ အတူတူထွက်လာစဉ် လူတိုး၍ပျောက်မည်စိုးသူက လွှမ်းကိုယ်လေးကို ရှေ့ပို့ထားပြီး တစ်ခါတစ်ခါလွှမ်းလက်ကလေးကို ဆုပ်ကိုင်ထားသည်။ ထိုအခါမှ အအေးဓာတ်ကိုခံစားမိ‌ သောလွှမ်းသည် အနောက်တွင်တဖြည်းဖြည်းကျန်ရစ်ခဲ့သော စူးရှရှအသံများဆီ တစ်ချက် လှမ်းကြည့်မိသည်။ အချိန်ကား နှင်းကျစ ညသန်းခေါင်ယံ ကျော်နေခဲ့ပြီ။

“ ဟတ်ချိုး ! ”

ရုတ်တရက် နှာထချေသော လွှမ်းသည် တစ်ဖက်လူဆီ တစ်ချက်ခိုးကြည့်လိုက်မိ၏။ထို့နောက် လည်ပင်းရှိ မာဖလာကို မေးရိုးထိ ဆွဲယူသည့်တိုင်နှာမွှန်နေမှုက ပျောက်မသွား။ အဝေးခပ်မြင့်မြင့်ဆီမှမြင်နေ‌ရသော မီးပုံပျံကို လှမ်းကြည့်နေသေးသော လွှမ်းကို ထိုသူကလည်း စိတ်ပျော်သလိုခွင့်ပြုထားပုံရ၏။

“ ဟတ်ချိုး ! ”

ရုတ်တရက်ပျံတက်သွားသော ညမီးကျီးအမျိုးအစားမီးပုံးပျံကိုကြည့်ပြီး ဝမ်းသာအားရဆိုလိုက်သည်လွှမ်း။
သို့သော် မည်သည့်နံပါတ်စဉ် ညမီးကျီးမှန်းတော့ မသိရ။ ညမီးကျီးမီးပုံးပျံများစွာထဲမှ တစ်လုံးပင် ဖြစ်လိမ့်မည်။

သို့သော် အမြင့်တစ်နေရာတွင် ‌မီးပန်းများစွာဖြင့် အောင်မြင်စွာပေါက်ကွဲပုံဖော်ပြသွားသည်က လှလှပပ။ အဝေးမှ လှမ်းမြင်နေရသည့်တိုင် မီးပုံးပျံ၏ အလှတရားကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပေ။ အလွန်လှသည်။

“ လှလိုက်တာ ... ”

လွှမ်းပါးစပ်မှ အဖြူရောင်အငွေ့တန်းနှင့်အတူ တဖွဲဖွဲကျနေသောနှင်းကလည်း သည်းထန်လာတော့ နှာစေးစပြုလာပြီ။ရုတ်တရက် လွှမ်းပခုံးပေါ် ထိုသူ၏ကုတ်က အချိန်ကိုက်ရောက်လာပြီး ဇစ်ကိုပါအပြည့်တပ်ကာ လွှမ်းပခုံးကိုဆွဲလျှက် ထိုနေရာမှခပ်မြန်မြန်ခေါ်သွားတော့သည်။

“ ကြည့်ချင်သေးတယ်လေ ”

ကားရပ်ထားသည့် နေရာနားသို့ရောက်သည့်တိုင် မကျေနပ်သလို ပြောမိသေးသည်။ စကားပြောလိုက်တိုင်း အငွေ့ဖြူဖြူကလေးက လွှမ်းဆီမှထွက်လာသည်။ နှင်းက အဆက်မပြတ် ကျနေသည့်အခါ နှာမွှန်နေပြီဖြစ်သော လွှမ်းကို ထိုသူကခွင့်ပြုမည်မထင်တော့။ထိုသူဆီမှ တုံ့ပြန်ချက်မရသည့်အခါ ကားပေါ်သို့သာ တက်သွားရသည်။ နှစ်ယောက်စလုံး ကားပေါ်သို့ ရောက်သွားအခါ မကျေနပ်ချက်တို့ကို ဖွင့်ဟပြန်သည့်လွှမ်း။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now