အပိုင်း ( ၁၅ )

270 27 10
                                    


ရာသီဥတုမှာ အလွန်ပင်ကြည်လင်နေ၏။ ပြာလွင်လွင်ကောင်းကင်အောက်တွင် တိမ်မျှင် တိမ်ပါးတို့ကသာ ပြေးလိုက်၊လွှားလိုက်နှင့်ပျော်ပျော်ပါးပါးဆော့ကစားနေကြသည်။

သီတင်းကျွတ်ကာလဖြစ်သည့်အားလျော်စွာ တစ်ခါတလေ ကောင်းကင်ပြာပြာ၌ တိမ်သားတို့ ကင်းစင်နေတတ်၏။

တစ်ခုသောညနေခင်း၌ မှိုင်းညို့တောင်တန်းနှင့်အတူ ကောင်းကင်၏ပုံရိပ်သည် အင်းလေးကန်ထက်၌ ထင်ဟပ်နေလေသည်။ ရာသီချိန်ခါကလည်း ရေပြင်ပေါ် ဖျာခင်းထားသကဲ့သို့ ငြိမ်သက်နေသည့်အခါ လှေကလေးများအဖို့ ဟိုဟိုဒီဒီသွားလာရန်
အထူးသင့်တော်လှသည်။

သီတင်းဝါလကျွတ်သည့်အခါ ဟိုးယခင်ကပင် သက်ငယ်လူရွယ်များက သက်ကြီးရွယ်ကြီးလူကြီးမိဘဆရာသမားတို့ထံ ကန်တော့ကြသည့် ဓလေ့ရှိသည်။

ဤသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံတစ်ခုပင်။အထူးသဖြင့် မြန်မာတိုင်းရင်းသားများအနေဖြင့် မိမိတို့ကိုးကွယ်ရာ ဘုန်း‌တော်ကြီးများ၏ သီတင်းသုံးရာအရပ်ဆီ ပန်း၊ဆီမီး လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကြလေသည်။

အင်းသားဖြစ်သောလွှမ်းအပါအဝင်
ခန့်ထင်သည်လည်း တိုင်းရင်းသားတစ်ဦးမို့ ကျေးဇူးရှင်ဖြစ်သောခွဲခြမ်းမွေတော်ရှိရာတွင် သီတင်းသုံးနေထိုင်သော ဆရာတော်ဘုရားထံ ဖွားမေကိုယ်စားသွားရောက်ကန်တော့ခဲ့ကြသည်။ မည်သည့်နေရာဆီသို့မှ သွားလာခြင်းမပြုနိုင်တော့သောဖွားမေသည်လည်း အသက်အရွယ်အတန်အသင့် ရသွားခဲ့ပြီဖြစ်၏။

ဆရာတော်ကျောင်းမှအပြန် ထုံးစံအတိုင်း အသိမိတ်‌ဆွေလူကြီးများ၏ နေအိမ်များဆီသို့သွားရောက် ကန်တော့ကြရပြန်သည်။ ကန်တော့ခံလူကြီးများပေးသောဆုကို တစ်ဝကြီးခံယူပြီးနောက် နှစ်ယောက်သားအိမ်ပြန်ခဲ့ကြသည်။

သို့သော် အိမ်သို့မရောက်ခင် တစ်စုံတစ်ဦး၏
တောင်းဆိုချက်အရ လှေဦးထိပ်မှာ အလိုလိုပင်ပြောင်းလျှက် ကန်ရေပြင်တစ်နေရာသို့ နှစ်ယောက်အတူ ထွက်လာခဲ့ကြသည်။

လာရာရေပြင်လမ်းတစ်လျှောက်တွင် လှုပ်ရှားသွားလာနေကြသော စက်လှေများနှင့်ဆုံတွေ့သည့်အခါ လွှမ်းဘက်က လက်လှမ်းပြကာ နှုတ်ဆက်လေ့ရှိ၏။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now