အပိုင်း ( ၁၄ )

262 27 2
                                    


“ မဖြစ်နိုင်တာ ....!! ”

ကျော်သာကမ်းပေးသော Mac book ကိုကြည့်ပြီး အံ့ဩနေသောလွှမ်း၏မျက်ဝန်းတို့သည်နောက်ဆုံး အလိုလို‌မှေးစင်းလျှက်သား။Mac bookထဲတွင် ရက်ပြီးသားအထည်များ၏ပုံစံအမျိုးမျိုးနှင့် ပြီးပြည့်စုံသောဖန်တီးမှုများကို  ဖော်ပြသထားသည်။

ဤသည်မှာ ပြိုင်ပွဲတွင်ပါဝင်ထားသော အထည်များပင်။ ရွေးချယ်ခြင်းခံရသော အထည်များတွင် ပိုးထည်အများဆုံးပါဝင်သော်လည်း ကြာချည်ထည်တချို့လည်း ပါဝင်၏။ရက်ထည်တစ်ခုချင်းစီ၏ အသေးစိတ်ဖန်တီးမှုများကိုတွေ့ရသည့်အခါ အကျိုးမယုတ်စေမှန်း အလိုလိုခံစားမိသည်။

ရွေးချယ်ခြင်းခံရသော သူများ၏ ကိုယ်ရေးအချက်အလက်များကို သေချာစစ်ဆေးကြည့်ပြီးသည့်အခါ သေချာကာမှ အတည်ပြုလိုက်၏။

ထို့နောက် သီးသန့်ကျန်ရစ်နေသေးသည့် ရက်ထည်တစ်ခုကို ကြည့်လိုက်သည်။ထိုအရာသည် မဟာစံအိမ်၏ အိမ်သူသခင်မရွေးချယ်ရန်အတွက်သတ်မှတ်ခြင်းခံထားရသော လက်ရက်ထည်တစ်ခု။

အဖိုးတန်ပိုးချည်များကိုသုံးပြီး ပြီးပြည့်စုံစွာ ဖန်တီးထားသောအထည်သည် အရာအားလုံးထက်ပို၍ လှပနေသည်။

ဤစမ်းသပ်ချက်အတွက် ပြီးပြည့်စုံခြင်းဟူသည် မည်သည့်အတိုင်းအတာတို့ဖြင့်သတ်မှတ်ထားကြောင်း အသေးစိတ် မဖော်ပြနိုင်သည့်တိုင် ဤလက်ရက်ထည်သည် မဟာစံအိမ်၏ ရွေးချယ်မှုနှင့်ကိုက်ညီကြောင်းခံစားမိသည်။သို့သော်....။

ထို့ထက် လွှမ်း၏မသိစိတ်အရ ဖြစ်တည်နေသော ခံစားချက်တို့မှာလည်းရောထွေးနေသေး၏။ စိတ်သက်သာရမှုလားဟုတွေးမိချိန် မိမိကိုယ်ကိုအံ့သြထိတ်လန့်မိရကာ မျက်ဝန်းတို့ စူးရှသွားရ၏။ သို့တည်းမဟုတ် ကြိုတင်ထင်မထားသည့်အဖြစ်ကြောင့် စိတ်ပျက်သွားခြင်းလား။

မသဲမကွဲဖြစ်နေသည့် ခံစားချက်တို့နှင့်လွှမ်းသည် အတွေးထဲ မလိုလားအပ်သည့် တစ်ညကပုံရိပ်တို့က ဝင်ရောက်လာပြန်တော့ ခပ်မြန်မြန်ပင် အ‌တွေးပြောင်းလိုက်ရသည်။

ရုတ်တရက် နန်းမဟေအကြောင်းတွေးမိတော့...။

“ ဒါက...ဘယ်လို...ဖြစ်တာလဲ  ”

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now