အပိုင်း ( ၄ )

702 50 14
                                    


အချိန်တစ်လခန့်ကြာပြီးဖြစ်သော်လည်း
ချမ်းအေးသောဆောင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ပျော်စေရန်အခွင့်မသာခဲ့။ရေမြေသစ်နှင့်အသားကျရန်လွယ်ကူသောသူတစ်ယောက်အတွက် တကယ်တမ်းစောင့်မျှော်နေသည်က အိပ်ပျက်ညများသာဖြစ်သည်။

နှင်းငွေ့ခြုံသောမနက်ခင်းအငွေ့အသက်များမှာ ရင်းနှီးသယောင်နှင့်ဝေးကွာလှ၏။သို့သော် နှင်းအငွေ့အသက်ကိုတော့ ချစ် သည်။စွဲလမ်းသည်။ရှင်သန်နေရသည်ကသာ
လျှင်ဒုက္ခဟု ဆရာတော်ဘုရားကဟောကြား
ခဲ့ဖူးသော်လည်း အစွဲအလမ်းကိုမပယ်သတ်နိုင်သေးသူအတွက်တော့ ထိုရှင်သန်ခြင်းအပေါ်ထားသည့် မျှော်လင့်ချက်သေးသေးလေးကသာလျှင် ဘဝတစ်ခုဖြစ်နေခဲ့သည်။

ယနေ့ကဲ့သို့ပင်မြူဆိုင်း၍မှိုင်းနေသော တစ်ခုသောမနက်ခင်း၌ တစ်စုံတစ်ယောက်နှင့်ဆုံတွေ့ ခဲ့ချိန်ကို အမှတ်ရမိသလိုဘယ်တော့မှ
လည်း မေ့နိုင်မည်မဟုတ်ပါ။

ထိုအချိန်က နားစည်ထဲ တိုးညင်းစွာတိုး
ဝင်‌ရောက်လာခဲ့သည့် ဝဲတဲတဲ အသံလေးတစ်ခုသည် ဘဝတစ်လျှောက်လုံး တွယ်ငြိလာလိမ့်မည်ဟု မည်သူကထင်ထားလိမ့်မည်နည်း။

' ဟွန်း... ဗမာရုပ်ကြီး '

သေချာနားထောင်ကြည့်ပါကထိုအသံလေးထဲတွင် အလိုမကျမှုတို့က အတိုင်းသား။ရှည်သွယ်သွယ်မျက်နှာလေးပေါ်က မနှစ်မြို့ပုံအမူအရာတို့သည် ခန့်ထင်၏စိတ်အစဉ်တို့ကို
နောင်နှစ်ပေါင်းများစွာထိ လွှမ်းမိုးနိုင်ခဲ့သည်။

နူးညံ့လွန်းသည့်ဖော့ဖယောင်းက အပူငွေ့ကြောင့် ညင်ညင်သာသာညွှတ်ကျသွားသလိုမျိုး။ ထို့နောက် တဖြည်းဖြည်း.......။

ကောင်းကင်ယံတွင် မြူမှုန်တို့ဇာပဝါလို ပါးလျလာသည့်အခါ ပတ်ဝန်းကျင်ကိုကောင်းစွာ မြင်နေရပြီးဖြစ်၏။မနက်ခင်းလေသည် မျက်နှာဆီသို့ ပွတ်ကာ သီကာဖြင့် ကျီစယ်နှုတ်ဆက်၏။ထိုလေတို့ကို တစ်ဝကြီး ရှူရှိုက်ပစ်လိုက်သည့်နောက်တွင် အခန်းတံခါးခေါက်သံသဲ့သဲ့ကို ကြားရလေသည်။

" မနက်စာ အဆင်သင့်ဖြစ်ပါပြီဆရာ "

" ကော်ဖီတစ်ခွက်ပဲ အရင်ဖျော်ခဲ့ပါ "

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now