အပိုင်း ( ၁၇ )

254 25 18
                                    


ဟော်တယ်ခန်းတစ်ခန်းတွင် ရှိနေသူတစ်ယောက် အရက်ကို ဖြည်းဖြည်းချင်းသောက်ရင်း အ‌တွေးများလျှက်ရှိသည်။

ယခင်က ခန့်ထင်နှင့် ရင်းနှီးခဲ့ဖူးသည်ဟုဆိုနိုင်သောထိုအချိန်က ခန့်ထင်၏ တည်ကြည်မှုကို အနည်းငယ်မျှမယုံကြည်နိုင်ခဲ့‌ပေ။အလုပ်နှင့်လက်ထပ်ထားသလိုမျိုး အလုပ်ပြီးရင်းအလုပ်ကိုသာ စိတ်ထဲထည့်ထားသော ခန့်ထင်ကြောင့်ဟန်ဆောင်နေမှန်းသိနိုင်ရန် မိန်းကလေးတစ်ယောက်ကို အရက်တိုက်ပြီး ခန့်ထင်၏ အခန်းသို့လွှတ်လိုက်သည်။

နောက်တစ်နေ့ ထိုမိန်းကလေး၏ မိုးမွှန်နေအောင်နေသောဆဲဆိုသံတို့ကိုသာ ရလိုက်ပြီး ခန့်ထင်ဘက်ကမည်သို့ကိုင်တွယ်လိုက်မှန်းမသိခဲ့ရ။

ထို့နောက် မိမိအထင်ဟုတ်မဟုတ် သိနိုင်ရန်လက်တည့်စမ်းသည့်အနေနှင့် ခန့်ထင်ကိုအရက်မူးအောင်တိုက်ပြီးမိမိနှင့် တမင်မှားယွင်းစေသည်။

Bi ဖြစ်သော Nelsonက ကောင်ချောလေးများဖြစ်စေ၊ မိန်းမချောလေးများဖြစ်စေ သဘောကျတတ်သော်လည်း ခန့်ထင်တစ်ယောက်တည်းကိုသာ လိုချင်တပ်မက်စိတ်ဖြစ်ခဲ့ဖူးသည်။ ဆွဲဆောင်မှုရှိသော
ခန့်ထင်၏ပုံရိပ်ကို အလွန်သဘောကျခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ခန့်ထင်ဘက်က အသိစိတ်လွတ်နီးပါးဖြစ်နေသည့်တိုင် သူ့ဆီမှလွတ်အောင်ရှောင်နိုင်ခဲ့သေးသည်။သို့သော် ခန့်ထင်ဆီမှ မထင်မှတ်ထားစွာ တစ်စုံတစ်ခုကို အမှတ်မထင် သိလိုက်ရပြီး လျှိုဝှက်ချက်အနေဖြင့်ဖော်ထုတ်ခွင့်ရခဲ့သည်။

ဓာတ်ပုံဘောင်တစ်ခုကို အမြဲတမ်းတယုတယဖြစ်နေတတ်ပြီး သန်မာလွန်းလှသည်ဟု အမြဲထင်ရသည့် ခန့်ထင်က စိတ်ဓာတ်ကျတိုင်း ထိုပုံလေးကို ပွေ့ဖက်ကာ ငိုကြွေးတတ်သည်။

Nelson သည် စားပွဲပေါ်ရှိ အရက်ခွက်ကို ကောက်ကိုင်ကာအပြီးတိုင်မော့ရင်းအဆက်မပြတ်မြည်နေသည့်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ အသံတိတ်သွားသည့်အခါ ဖုန်းသံထပ်မံမြည်ခြင်းမရှိတော့ဘဲ ထိုအစား စာတိုတစ်စောင် ဝင်လာသည်။

ထိုအရာသည် ကမ်းလှမ်းချက်တစ်ခုဖြစ်ပြီး အလွန်မက်မောလောက်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။ Nelson ဘဝတစ်လျှောက်တွင် တစ်ခါမှ မတွေဝေဖူးသောအတွေးတစ်ခုဝင်လာခဲ့သည်။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now