အပိုင်း ( ၂ )

1K 49 16
                                    

                   ~~အထင်ကရ ချစ်ခြင်း~~

အလုပ်ကြောင့်ပင်ပန်းကာ ခေတ္တအိပ်ပျော်သွားခဲ့သည်။နေနေကျInn Yeik မှာ သီးသန့် villa တစ်ခုဖြစ်သဖြင့် ပတ်ဝန်းကျင်မှာတိတ်ဆိတ်နေ၏။လေအေးသည်ဖွင့်ထားသောပြတင်းဆီမှတစ်ခါတလေ တဖျတ်ဖျတ်တိုက်ခတ်လာတတ်၏။

ရက်ပိုင်းအတွင်းတိုးချဲ့လာသည့် လုပ်ငန်းများအကြားမျက်နှာမဖော်နိုင်လောက်အောင် အားလပ်ချိန်မရှိခဲ့သည့်သူသည် ပထမဦးဆုံးအကြိမ်အဖြစ် အလုပ်နှင့်ပတ်သက်၍
ထိုအလုပ်အပေါ် မည်သို့မျှအာရုံမစိုက်နိုင်သည့်အချိန် ရှိလာခဲ့၏။ထို့နောက် အလုပ်ခဏနားချိန်တစ်မှေးအိပ်ပျော်သွားခဲ့သည်။ထိုအခိုက်တွင်အိပ်မက်တစ်ခုက စောင့်ကြိုနေလေသည်။

အိပ်မက်မှ နိုးလာသည့်အခါတိုင်း ထိုအိပ်မက်
ကို ဘယ်တော့မှ မမှတ်မိတတ်သော်လည်း
အိပ်မက်နေစဉ် ထိုအိပ်မက်ထဲဖြစ်ပေါ်လာသည့်အကြောင်းအရာများမှာတော့ ပြတ်ပြတ်သားသားပင်ရှိတတ်သည်။

ရင်းနှီးနေသောမြင်ကွင်းတစ်ခု....

သစ်ပင်ရိပ်တို့ဖြင့်စိမ်းစိုနေသောနေရာလေး
တစ်ခု.... ထို့နောက် တစ်ဖြုတ်ဖြုတ်ကြွေကျနေသော ပန်းပွင့်ဖြူများ ....

လေတိုက်၍ လှုပ်ရှားနေသော သစ်ရွက်များနှင့်အတူ အအေးဓာတ်တစ်ခုက လက်တွေ့ပြင်ပဆီသို့တိုင်ခံစားရစေသဖြင့် စိမ့်ခနဲခံစားချက်တစ်ခုကို ရလိုက်၏။

ထို့နောက်တွင်...လှပသောလက်တစ်စုံက ချည်မျှင်ကလေးများကိုစိတ်ရှည်စွာကိုင်တွယ်နေသည့်မြင်ကွင်း.....။

တဖန် မြင်ကွင်းကပြောင်းသွားကာ စည်းချက်ညီညီ ထွက်ပေါ်နေသော အသံတစ်ခု....။

ထို့နောက် လူနှစ်ယောက်တို့၏ခပ်တိုးတိုးသော ရယ်သံတို့က အိပ်မက်အတွေးတို့ကို တဖြည်းဖြည်းအုပ်စိုးသွားစေသည်။

ထို့နောက်ခိုက်တုန်နေအောင်ချမ်းစေသော အအေးဓာတ်တစ်ခုကအိပ်ပျော်နေသောလွှမ်းကိုအိပ်မက်မှရုတ်ကရက်ပင်နိုးထစေလိုက်သည်။

ညနေခင်း နေဝင်ခါနီးတိမ်တောက်ချိန်ဖြစ်သဖြင့် ရှမ်းတောင်တန်းအနောက်သို့ လှိမ့်ဝင် နေသော နေဝန်းနီ၏ပုံရိပ်သည် အလွန်ပင် လှပလွန်းလှသည်။သို့သော်ငြား မူးဝေနေသောခေါင်းကြောင့်ထိုညနေခင်းအလှအပကို မခံစားနိုင်ပေ။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now