အပိုင်း ( ၆ )

522 37 9
                                    

💕 Love at first sight 💕

စကားလေးတစ်ခွန်းရှိခဲ့၏......' Love at first sight ' ဟု ဆိုတာပင်။

Love at first sight ဆိုသည့်စကားလေးတစ်ခွန်းကိုအ‌ကြောင်းကိုယ်တိုင်ကိုယ်ကျသဘောပေါက်ခဲ့သည့်အခိုက်အတန့်လေးဟာ လွှမ်းဘဝတစ်လျှောက်လုံးအပျော်ရွှင်ရဆုံးအချိန်ဟု ထင်မှတ်ခဲ့ဖူးသည်။

နေရိပ်ခပ်နွေးနွေးကျနေသည့် သစ်သားအိမ်ငယ်လေးတစ်လုံးထဲလူနှစ်ယောက်အတူ
ရှိနေခဲ့သည့်ထိုချိန်ဟာအအေးချမ်းဆုံးဟု ထင်ရစေသည်။

တစ်ချက်တစ်ချက်ချင်းစီ စည်းချက်မှန်စွာထွက်ပေါ်လာသည့်အသံအဆုံး ရှုပ်ထွေးနေသောချည်ခင်တို့ကို ကိုင်တွယ်နေခဲ့သည့်လက်တစ်စုံသည် ငယ်စဉ်ကလွှမ်းစိတ်ကူးယဉ်နေခဲ့သလိုမျိုးနူးညံ့ပျော့ပျောင်းမနေခဲ့ပါပေ။

ထိုအစား အချိုးအဆစ်များညီညာနေပြီး ရှည်လျားနေသောခပ်သွယ်သွယ်လက်ချောင်းများမှာ သဘာဝမကျစွာ‌နှင့်သာ သေးသွယ်သွယ်ချည်ချောင်းငယ်တို့ကိုစိတ်ရှည်လက်ရှည်ကိုင်တွယ်နေခဲ့သည်။

တစ်ချက်ချင်းစီ စည်းချက်မှန်မှန်ထွက်ပေါ်နေခဲ့သည်က ရင်ခုန်သံမဟုတ်။စိတ်ကျေနပ်ဖွယ် ရက်ကန်းယက်နေသည့်အသံပင်။

ပုံရိပ်တစ်ခုနှင့်ရက်ကန်းစင်သည်လုံးဝမအပ် စပ်ပါဘဲ ထူးခြားစွာလိုက်ဖက်နေပါ၏။တစ်ခါတစ်ခါဘေးနားထိုင်ခုံပေါ်ထိုင်လျှက် မေးထောက်ကြည့်နေသောလွှမ်းဆီထိုသူ၏ အကြည့်များရောက်လာတတ်ကာထိုအကြည့်တို့တွင်လည်းအပြုံးရိပ်တို့ကအပြည့်။

" Love At First Sight "

ထိုစကားလေးကို မှတ်မှတ်ရရရေရွတ်ရင်းလွှမ်း၏ခပ်စိပ်စိပ်သောနှလုံးခုန်သံဟာပထမဦးဆုံး အစပြုခဲ့သည်။လွှမ်းမျက်နှာထက်ကအပြုံးတို့သည်ကားအလှပဆုံးအသက်ဝင်နေကြောင်း ကိုယ့်ကိုယ်ကိုယ်သတိထားမိခဲ့လား ဟုပင်မဆိုနိုင်။

ချက် .. ချက်..

ရက်ကန်းစင်မှထွက်ပေါ်လာသောအသံအပေါ်အာရုံစိုက်နေသော ထိုသူကတော့ထိုအသံလေးကို ကြားခဲ့လိမ့်မည်မထင်။ထိုသူ့အတွေးထဲ၊ စိတ်ကူးထဲ အာရုံတစိုက်တည်ရှိနေမည့် တစ်ခုတည်းသောအရာက ထိုသူ့အကြည့်ရှေ့က ထိုရက်ကန်းထည်သာ ဖြစ်လိမ့်မည်။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now