အပိုင်း ( ၁၁ )

291 27 13
                                    


သီတင်းကျွတ်လဆန်း ၁ ရက်...

ပွဲတော် ပထမနေ့ဖြစ်သည့်အတွက် အင်းနယ်သားအပါအဝင် အနီးအနားတစ်လျှောက် မြို့နယ်ရွာသူရွာများသည် မူလစံတည်ကျောင်းတော်ရာ ဖောင်တော်ဦးကျောင်းတော်တွင်သာမက ကျောင်းတော်၏အနီးအနားတစ်လျှောက်လုံးတွင် ကြိတ်ကြိတ်တိုးစည်းကားလျှက်။

အင်းနယ်အတွင်းရှိမြို့ရွာများအပြင် ရှမ်းပြည်နယ်တစ်ခွင်လုံးရှိလူအများ
ထိုပွဲတော်နေ့ကို အထူးတလည် စိတ်ဝင်တစားရှိကာ အလွန်နှစ်ခြိုက်ကြသည်။

မူလစံတည်ရာ ဖောင်တော်ဦးကျောင်းတော်တွင် အခမ်းအနားဖွင့်ပွဲပြီးဆုံးသွားသည်နှင့်
နံနက် ၇ နာရီခန့်အချိန်တွင် မူလကျောင်းတော်မှဒေသစာရီကြွချီကာ အစီအစဉ်အတိုင်း အင်းတိမ်ကျေးပေါ်ခုံကျောင်းသို့ ညကျိန်းပူဇော်ခံရန်အတွက် ဘုရားဆွဲလှေ ( ၅၁ )စီးဖြင့် ကုသိုလ်ယူဒါနပြုလှော်ခတ်ကာ
လိုက်လံပို့ဆောင်ကြသည်။

ဘေးနားပတ်ပတ်လည်တွင် အားပေးကြသည့်ပရိတ်သတ်များအပြင်ကွင်းပြည့်လုနီးပါး ဘေးနားရေပြင်ပေါ်ရှိလှေများနှင့်အားပေးကြသူများသည် အလွန်များပြားစွာ။

ဤသည်မှာ ဖောင်တော်ဦးရှိ ရုပ်ပွားတော်များ ‌ကြီးကျယ်ခမ်းနားသော အပြင်အဆင်တို့ဖြင့်ဖောင်တော်ကြီးပေါ်စံနေတော်မူလျှက် အင်းနယ်တစ်လျှောက်တွင်ရှိသော မြို့ရွာများအနှံ့ လှည့်လည်ကာ အပူဇော်ခံသည့် ဓလေ့ဖြစ်သည်။အင်းလေးဖောင်တော်ဦး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကျင်းပကြသည့်ပွဲ။တစ်နည်း နယ်သားများအခေါ်အရ ဒေသစာရီ လှည့်လည်ပွဲကြီးတစ်ခမ်းတနားပြုလုပ်ခြင်းပင် ဖြစ်သည်။

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် ရှေးအစဉ်အလာအတိုင်း ခရီးစဉ်ရွာပေါင်း(၂၀)၊ ဌာနပေါင်း (၂၁)ဌာနသို့
သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှစ၍ ပွဲတော်ပြီးမြောက်သည်အထိ ရက်ပေါင်း (၁၈) ရက်မျှ အပူဇော်ခံသည့် အထင်ကရပွဲတော်ကြီးပင်။

ပွဲတော်ကာလအချိန်သည် မိုးအကုန်ဆောင်းကူးကာလဖြစ်သည့်အတွက် နှင်းငွေ့များမှုန်မှာ မှိုင်းညို့နေတတ်သည်။ ကန်ရေပြင်ထက်ရှိလှေများသည် ကွင်းပြည့်လုမတတ် စည်ကားလျှက်။ စတင်ကြွမြန်းမည့် ရုပ်ပွား‌တော်များအား ဖူးမြော်ကြသည့် ပရိတ်သတ်လှေများရှိသလို ဖောင်တော်ကြီးလှည့်လည်ရာ လိုက်ပါပို့ဆောင်ကြမည့် လှော်လှေများစွာလည်း အနီးအနားတွင် တည်ရှိနေ၏။ အင်းနယ်ရှိလူများအားလုံး ကွင်းပြင်အပြည့်နယ်လုံးကျွတ်ဖူးမြော်ကြပုံမှာ အံ့မခန်းမြင်ကွင်းပင်ဖြစ်သည်။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now