1 ♥

4.2K 255 18
                                    

Zawgyi Fonts

"သူက ဘယ်လိုဖြစ်ရတာလဲ?".

"တန်ပြန်ကျိန်စာ ထိသွားတာပါ!မစ္စတာ စနိပ်"

"ခင်ဗျားက သေချာမစောင့်ကြည့်ဘူးလား?ခင်ဗျားကို အလုပ်ခန့်ထားတာ သူ့ကို စောင့်ရှောက်ဖို့နော်"

"တောင်းပန်ပါတယ်!မစ္စတာ စနိပ်!"

ကြားနေရသော အသံများကြောင့် မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်ချိန် သူ့ဘေးနားတွင် စကား​ပြောနေသော ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကို တွေ့ရသည်..။

"ရေ..ဆာ...တယ်"

အာခေါင်၏ ခြောက်သွေ့နေမှုကြောင့် စကားပင် ပီအောင်မပြောနိုင်တော့..။

သူ၏ အသံကို ကြားသွားဟန်တူသောထိုနှစ်ယောက်ကသူ့အား လှည့်ကြည့်ကြသည်..။

"မစ္စတာ မာလ်ဖွိုင်း!သတိရလာပြီလား?ဘယ်နားနာနေသေးလဲ?"

ို မိန်းကလေးက သူ့အား ကြည့်ကာ စိုးရိမ်ဖွယ်မျက်လုံးများဖြင့် ကြည့်ကာ မေးသည်...။
သို့သော် သူ့ဘဝတွင် ထိုမိန်းကလေးကို တစ်ခါမျှ မမြင်ဘူးပါချေ..။

"သူ့ကို ရေအရင်တိုက်လိုက်ဦး..မစ္စစ် မီရာ!"

ဘေးနားက ယောင်္ကျား၏ တည်ငြိမ်နေသောအသံကို ကြားရသော်လည်း မျက်နှာကိုကား မမြင်ရချေ..။
သူ၏ ဆံနွယ်ရှည်များက သူ၏မျက်နှာကို မမြင်ရအောင် ဖုံးအုပ်ထားသလို..။

ထိုယောင်္ကျား၏ စေခိုင်းချက်ကြောင့် မစ္စစ် မီရာ ဆိုသော မိန်းကလေးသည် ရေခွက်ကို ကိုင်ကာ သူ့ဘေးနားသို့ ရောက်လာ၏

"သောက်လိုက်ပါ!မစ္စတာ မာလ်ဖွိုင်း!"

ကုတင်ဟု ထင်ရ​သော မွေ့ယာပြင်ကြီး ပေါ်၌ လဲလျောင်းနေရသော သူ့ကို မစ္စစ်မီရာ က ရေတိုက်ရန် ဆွဲထူလေသည်...။

သူ၏ ခန္ဓာကိုယ်သည် ယခင်နေ့များနှင့်မတူ လေးလံနေသည်ကို သူသတိထားမိသည်..။

အနည်းငယ်ထလို့ရသွား၍ ရေခွက်ကို ကိုင်ကာ မော့သောက်လိုက်တော့ ရေငတ်ပြေသလိုတော့ ဖြစ်သွားသည်..။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now