9 ♥

1K 182 80
                                    

Zawgyi

"Hogwart ကျောင်းကြီးကနေ အားလုံးကိုကြိုဆိုလိုက်ပါတယ်!&^*$^..."

ပါမောက္ခ ဒမ်ဘယ်ဒေါ ရဲ့ အဖွင့်စကားအပြီးမှာ ကျောင်းသားအားလုံး လက်ခုပ်တီးပြီး အားပေးကြသည်...

"ကဲ!အခု House တွေလည်း ခွဲပြီးသွားပြီဆိုတော့ အခုစာသင်နှစ်ရဲ့ ဆရာတွေကို မိတ်ဆက်ပေးပါမယ်!ပရော်ဖက်ဆာ မက်ဂေါ်နဂယ်.... "

ပရော်ဖက်ဆာမက်ဂေါ်နဂယ် က ထိုင်ခုံမှ ထပြီး ဂါရဝပြုသည်...

"ပရော်ဖက်ဆာ စနိပ်!"

ပရော်ဖက်ဆာ စနိပ်ကလည်း ထိုနည်းလည်းကောင်း ဂါရဝပြုသည်...

"and...ပရော်ဖက်ဆာ မက်ဖွိုင်း!"

ပရော်ဖက်ဆာစနိပ် ရဲ့ ဘေးနားက ထိုင်ခုံမှာ ထိုင်နေတဲ့ လူစီးရပ်စ် ကလည်း ထိုနည်းလည်းကောင်း ဂါရဝပြုသည်...

"ပရော်ဖက်ဆာ မက်ဖွိုင်းက မှော်နက်ကာကွယ်ရေးကို သင်မယ့်ဆရာအသစ်ပဲ!"

ဒမ်ဘယ်ဒေါ ရဲ့ စကားအဆုံးမှာ ဒမ်ဘယ်ဒေါ နဲ့ မက်ဂေါနဂယ် မှလွဲ၍ တခြားလူတွေအကုန် အံသြသွား
ကြသည်...မှော်လောက မှာ နာမည်ကြီးတဲ့ လူစီးရပ်စ် မက်ဖွိုင်းလို လူက Hogwart မှာ ဆရာလာလုပ်တယ်ပေါ့...
အံသြဘ ကမ္ဘောဇ....😑😑

ဒမ်ဘယ်ဒေါ က ပြောစရာရှိတာ တွေကို ဆက်ပြောပြီး သူတို့ရဲ့ စာသင်နှစ်အစကို စတင်လိုက်သည်...
တကယ်ပါ..ဒီစာသင်နှစ်ကတော့ သမိုင်းတွင်မယ့်စာသင်နှစ်တစ်နှစ် ကျိန်းသေပေါက် ဖြစ်လာမှာပင်....။

_______________

"အဖေ!"

Hall ခန်းထဲကထွက်ထွက်ချင်း အနောက်ကနေ ပြေးလိုက်လာတဲ့ ဒရေကို...။

"ပြော...သားလေး!"

"အဖေ တကယ်ကြီး သင်မလို့လား?မှော်နက်ကာကွယ်ရေးကိုလေ!"

"အေးလေ!ငါသင်မလို့ ပရော်ဖက်ဆာတောင်ဖြစ်နေပြီကို"

"အဖေက ဘာလို့သင်မှာလဲ?"

ဒရေကို မေးမိလိုက်သည်...မှော်နက်အသုံးပြုသူ death eater တစ်ယောက်ဖြစ်နေသော အဖေက မှော်နက်ကာကွယ်ရေးကို ပြန်သင်ပေးမယ်တဲ့လား?

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now