2 ♥

1.6K 233 31
                                    

Zawgyi Fonts

"Dad! အဆင်ပြေရဲ့လား ?ကျတော်ပြောတာကြားရလား!မစ္စစ် မီရာက ဆန်ပြုတ်သွားလုပ်နေတယ်.."

အခန်းထဲသို့ ပြေးဝင်လာသော ကောင်လေး တစ်ယောက်..။

ဒရေကို!သူမ ဒရေကို့ကို သိပါသည်..။
ဟယ်ရီပေါ်တာ ဇာတ်ကားထဲတွင် အကြိုက်ဆုံး ဇာတ်ကောင်ဆိုလျှင် မမှား...။
အခုနောက်ပိုင်း Drarry က ရေပန်းစားနေတာမို့ Ship လည်း Ship ပေးမိသည်..။

စကားမစပ် ကျမ Fujoshi ပါ...😁😁

Draco Malfoy ဆိုသော ကောင်လေးကို ဒီလိုမြင်ရလိမ့်မယ်လို့ တကယ်မထင်ထားခဲ့...။

ဒီကလေးပေါက်စကို သဘောကျခဲ့မိသည်မှာ ဟယ်ရီပေါ်တာ ဇာတ်လမ်းကို စကြည့်တဲ့ 2004 ကတည်းက....။
ဒီကမ္ဘာကြီးက အမေ မရှိတာက လွဲရင် အကုန်လုံးက ပြည့်စုံနေသလို....။

အရင်ကတည်းက နှစ်ရှည်လများ စောင့်ခဲ့ရတဲ့ လင်လင်လေးကို
အခုလို တွေ့ရင်တော့ အဲလစ်စ်တို့် အလွတ်မပေးတော့ဘူး...။

"အင့် ~"

အဲလစ်စ်တစ်ယောက် ကိုင်ထားသော Charm လေးကို အောက်ပစ်ချကာ ဒရေကို့ကို လှမ်းဆွဲကာ ပွေ့ဖက်လိုက်သည်...။
ရုတ်တရက် သူ့အဖေရင်ခွင်ထဲ ရောက်လာတဲ့ ဒရေကိုကတော့ ရုန်းဆန်ခြင်း မရှိပါချေ..။

( Host!စိတ်ထိန်း..Host က သူ့အဖေနော်!)

(ငါသိတယ်..)

System ရဲ့ သတိပေးချက်ကျလာတာကြောင့် အဲလစ်စ်တစ်ယောက် ဖက်ထားသော သူ့ရင်ခွင်ထဲက ဒရေကိုလေးကို လွှတ်လို်က်သည်...။

စိတ်ထိန်းမှ ဖြစ်မယ်...တော်ကြာ အဖေက သားကို ဆွဲစားတယ်လို့ သတင်းထွက်သွားမှ လူကြားမကောင်းဖြစ်နေမယ်...။

ဒရေကို့ကို ပြန်ကြည့်လိုက်ချိန်မှာတော့ ဒရေကိုကသူ့ကိုထူးဆန်းသလိုလို ကြောင်ကြည့်နေသည်။

(system ရေ..တစ်ခုခုလုပ်ပါဦးဟ..သူငါ့ကိုကြည့်နေတယ်..)

( Host! လူစီးရပ်စ်စတိုင် နဲ့ပြော..)

"ငါ... ရေဆာတယ်!"

လခွမ်း...ဘာကြီးလဲ?

လေသံကတော့ လူစီးရပ်စ် လေသံအတိုင်းထွက်သော်လည်း အသံသြသြကြီးကို ပြန်ကြားရတော့ တမျိုးဘဲ...။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now