#zawgyi
"ဟယ်ရီ!ဟိုကိုကြည့်စမ်း"
တံမြက်စည်း ပျံ နှစ်ခုက ကပ်လျက်သား ပျံသန်းနေရင်း ဒရေကို က ဟယ်ရီ့အား တစ်နေရာကို အပြေးကြည့်ခိုင်းသည် ။
"ဘာလဲကွ! ဟာ....."
မြင်လိုက်ရသည့် အရာက ဒရေကို အတွက် မဆန်းကြယ်သော်လည်း ဟယ့်ရီ ကတော့ အံသြလျက်။
"သူ..သူတို့ နှစ်ယောက်က "
စလေသရင်းက ဆရာနှစ်ယောက်၏ ကြည့်နူးစရာမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ တစ်ခဏ စိတ်ထဲတွင် ကြည်နူးမိသည်တော့ အမှန်... ။
ကွစ်ဒစ်ကွင်းကြီးကို ပတ်နေရင်း ဟယ်ရီတို့ ရောက်နေသော အနောက်ဘက်အခြမ်းတွင်သာ မြင်ရမည့် အဖိုးတန် သုံးစက္ကန့်... ။
"မင်းအဖေ နဲ့ ပရော်ဖက်ဆာက... "
"ရည်းစားတွေလေ "
"ရည်းစားတွေလား"မေးခွန်း နှင့် အဖြေက ပြိုင်တူ ထွက်လာခဲ့သည် ။
"အင်း......သူတို့ကတော့ ပြီးသွားပြီ ဆိုတော့......"
"ဘာလဲ?"
ကြက်သီးထစရာ အကြည့်ကြီးနဲ့ ဒရေကို့ရဲ့ စကားကြီးက ဟယ်ရီ့ကို လန့်အောင် လုပ်နေသည် ။
"ဟဲဟဲ....ငါတို့ပဲ ကျန်တော့တယ်လေ "
"ပါးစပ်ပိတ်ထား "
လိုက်စနေတဲ့ ဒရေကို ကိုရော ၊ ဟိုဘက်က ကြည်နူးနေတဲ့ ဆရာ အတွဲကိုပါ လျစ်လျူ ရှုပြီး ဟယ်ရီ လည်း လေ့ကျင့်ရေးကို ပြီးဆုံးအောင်သာ သတိပြုလိုက်သည် ။
( Time skip... )
နေ့လည်မွန်းတည့်ချိန်တွင် နေရောင်ခြည်က အလည်တည့်တည့်သို့ ကျရောက်လာလေပြီ ။
"ကဲ....တတိယ အချီလည်း ပြီးပြီ ဆိုတော့ ကျောင်းသား အားလုံး ကိုယ့် အဆောင်ကိုယ် ပြန်လို့ ရပါပြီ! "
ဆရာနှစ်ယောက်၏ အမိန့်ပေးသံ အဆုံးတွင် ဟယ်ရီ နှင့် ဒရေကို တို့လည်း ကိုယ့် တံမြက်စည်း လေးတွေ ကိုယ်ကိုင်ပြီး စတိုခန်းထဲတွင် သိမ်းဖို့ ပြင်ဆင်လိုက်သည်။
"ဟယ်ရီ! ပေး....ကိုယ်ထားပေးမယ် "
ဘာအကွက်တွေရွှေ့နေမှန်း မသိတဲ့ ဒရေကို က တံမြက်စည်း နှစ်ချောင်းကို ယူပြီး ထားနေကျ နေရာမှာ မှတ်မှတ်ရရ သိမ်းထားလိုက်သည် ။