6 ♥

1.1K 195 31
                                    

Zawgyi

"လူစီးရပ်စ်!"

"ပြောပါ ပါမောက္ခ! "

"ခုနကစကားက အတည်ပဲလား?"

"ဟုတ်ပါတယ်!ပါမောက္ခ.. ကျတော် Hogwart မှာ စာသင်ချင်လို့ပါ"

ထိုစကားကို လူစီးရပ်စ် ကိုယ်တိုင်ပြောလို့သာ ယုံရသည်..တခြားလူနဲ့ ပြောခိုင်းမည်သာဆို ယုံနိုင်မည်မဟုတ်...။

ဟော့ဝပ်ကျောင်းကို တစ်နှစ်ကိုတစ်ခါတောင် မလာတဲ့လူက အခုတော့ ဒီကျောင်းကြီးမှာ နေပြီး စာသင်မယ်ပေါ့လေ..
အံသြဘ..ကမ္ဘောဇ..!😬😬

"Well!လူစီးရပ်စ်.. မင်းရဲ့ အရည်အချင်းကိုတော့ အပြည့်အဝယုံကြည်ပါတယ်!ဒါပေမယ့် ဒီမှာပဲ နေရမှာဆိုတော့ အဆင်ပြေရဲ့လား?"

အဆင်ပြေတာပေါ့..မပြေစရာအကြောင်းမှ မရှိတာကို...။

"ပြေပါတယ်..ပါမောက္ခ! "

"ကောင်းပါပြီ!ဒါဆို..မှော်နက်ဆရာနေရာမှာ ဝင်လို့ရပါတယ်..အရင်နှစ်က ပရော်ဖက်ဆာ ကွိုင်ရယ်လည်း မရှိတော့ဘူးလေ"

မှော်နက်ဆရာတဲ့လား..ဟီးဟီး..ငါနဲ့တော့တွေ့ပြီ..ကျောင်းသားတွေကို အဗာဒါကာဒါဗရာ ဆိုပြီး လုပ်ချလိုက်မှ...😵

(A/N ဖြည်းဖြည်းလုပ်ပါဟယ်)

"လူစီးရပ်စ်!"

တွေးချင်ရာတွေးပြီး ပြုံးနေတဲ့ လူစီးရပ်စ်ကို ပါမောက္ခဒမ်ဘယ်ဒေါ က မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်...

"ဟုတ်ကဲ့.Sir!မနက်ဖြန်မှ စမှာဆိုတော့ မနက်ဖြန် ပြန်လာခဲ့ပါမယ်...ခွင့်ပြုပါဦး!"

"ကောင်းပါပြီ!"

သူ့အစီအစဉ်အတိုင်း ဖြစ်လာတဲ့ လူစီးရပ်စ်ကတော့စိတ်ထဲတွေးပြီး ကျေနပ်နေပေမယ့်...

"ပါမောက္ခ!သူ့ကို အလုပ်ခန့်လို့ဖြစ်ပါ့မလား?"

ပရော်ဖက်ဆာ မက်ဂေါနဂယ် ၏ စိုးရိမ်နေတဲ့ အကြည့်နဲ့ မေးလိုက်သည့် မေးခွန်းကို ဒမ်ဘယ်ဒေါတစ်ယောက် ပြုံးပြီး ပြန်ဖြေလိုက်သည်..

"ရန်သူကို အနီးကပ်စောင့်ကြည့်တယ် လို့ သဘောထားလိုက်ပါ!"

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now