12 ♥

1K 175 62
                                    


Zawgyi Fonts



ဒုတ်...ဒုတ်...ဒုတ် ~

ပုံမှန်ထက် ပို၍ ခုန်နေသော နှလုံးသားကို လူစီးရပ်စ် သတိပြုလိုက်မိခြင်းနှင့်အတူ သူ၏ ဦးနှောက်အခြမ်းမှ ကိုက်ခဲမှု ဝေဒနာနှင့် ပုံရိပ်တစ်ချို့ကို ပြန်မြင်လိုက်ရသည်..။

(Flash back.... )

"လူစီးရပ်စ်!တော်တော့..ထပ်မသောက်နဲ့တော့"

လူစီးရပ်စ် လက်ထဲမှ အရက်ခွက်ကို ဆွဲဖယ်ရင်း ဆေးဗားရပ်စ် ပြောလိုက်ခြင်း ဖြစ်သည်...။

အရက်အိုင်ထဲတွင် လက်ပစ်ကူးနေသည့် လူစီးရပ်စ်၏ ပုံစံကို ကြည့်ရင်း ဆေးဗားရပ်စ် မျက်ရည်ဝဲမိသည်...။

"သူ...သူမရှိတော့ဘူး"

ခေါင်းမော့ပြီး မျက်ရည်များစွာဖြင့် သူ့ကို ပြောသည့် လူစီးရပ်စ် ပုံစံက သနားစရာကောင်းလွန်းလှသည်..။

အော်...အချစ်ဆိုတာ လူတိုင်းကို ပျော်ရွင်စေသလို နာကျင်စေနိုင်တာပါလား..။

"ငါသိပါတယ်!"

တည်ငြိမ်စွာဆိုလိုက်သော ဆေးဗားရပ်စ်က လူစီးရပ်စ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်ခြင်း...။

"သူမရှိတော့ရင်တောင် မင်းအနားမှာ ငါရှိပါသေးတယ်!"

(Flash back end.... )

"လူစီးရပ်စ်! ငါ့ကို လွှတ်ဦး!"

ဆေးဗားရပ်စ်က လက်ကို ရုန်းနေသောကြောင့် မြင်ယောင်လာသော ပုံရိပ်များက ပျောက်သွားရသည်..။

ဒါ..ဒါက လူစီးရပ်စ် ရဲ့ မှတ်ဉာဏ်လား?*

"မင်း....."

အဲလစ်စ်၏ အတွေးနွံနစ်နေမှုကြောင့် စနိပ်၏လက်ကို လွှတ်လိုက်မိချိန်တွင် ဆေးဗားရပ်စ် တစ်ယောက် 'မင်း......'ဆို၍ တစ်လုံးတည်း ကျိန်းကာ ထွက်သွားလေတော့သည်...။

သို့သော် လူစီးရပ်စ် တစ်ယောက်တော့ ထိုနေရာကနေ မလှုပ်နိုင်သေး... ။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now