4 ♥

1.2K 206 36
                                    

Zawgyi

( လုံးဝမဖြစ်ဘူး Host!!!)

System ၏ မဖြစ်ဘူး ဆိုတဲ့ အသံကို အိမ်ပြန်လာတဲ့တစ်လမ်းလုံး နားထဲမှာ ကြားနေရသည်..တော်တော်စကားများတဲ့ အကောင်!

( ဘာကိစ္စ မဖြစ်ရတာလဲ? ပြောပါဦး!)

(Host က Dead Eater လေ..Host ရဲ့ အရှင်သခင်က Lord Voldemort ပါ..အရှင်သခင်ရဲ့ရန်သူကို သမက်တော်မယ်လို့ ဘယ်လိုများစဉ်းစား...)

(တိတ်စမ်း!System!!.. ငါ့ရဲ့အရှင်သခင်က ငါကိုယ်တိုင်ပဲ..ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး..Voldemort က အသက်ပြန်ရှင်လာသေးတာမှ မဟုတ်တာ..ပြီးတော့ ငါက Fujoshi ဟဲ့..အရင်ကတော့ ငါ့လင်ဆိုပြီး Oc လို့ရသေးပေမယ့် အခုက ငါ့သားဖြစ်နေပြီလေ..အဲ့တော့ ရတယ့်လူနဲ့ ပေးစားရမှာပဲ!)

(အဲဒါဆိုလည်း တခြားလူနဲ့ပေးစားလည်း ရတာပဲဗျာ..ဟော့ဝပ်မှာ မိန်းကလေးတွေ အများကြီးပါ..ဟာမွန်နီ ဂရင်းဂျာဆိုရင်..)

(Stop!ငါက Dramione မကြိုက်ဘူး..Drarry ကိုပဲကြိုက်တာ..Drarry ပဲဖြစ်ရမယ်! နင့်ပါးစပ်ပိတ်လိုက်တော့..ငါသူတို့ကို အနီးကပ်စောင့်ကြည့်လို့ရအောင် မနက်ဖြန် Hogwart ကို သွားမယ်😎)

System လည်း ဘာမှမပြောနိုင်တော့ဘဲ Speaker သာပိတ်ထားလိုက်ရတော့သည်..အိမ်ပြန်ရောက်တော့အဲလစ်စ်တစ်ယောက်အခန်းထဲဝင်ပြီး Hogwart
ကိုဘယ်လိုသွားရမလဲ စဉ်းစားနေသည်..

"ဟို..မီရာ"

"ပြောပါ မစ္စတာမာလ်ဖွိုင်း..."

"ဟို..ငါ မနက်ဖြန် ဟော့ဝပ်သွားမလို့!"

"ဘာလုပ်ဖို့လဲ?အော်..စနိပ်ကို သွားတွေ့မလို့လား?"

"အင်း!"

"အင်းပါ..ဒါဆိုလည်း သွားလေ"

အဲလစ်စ် လူစီးရပ်စ် အဖြစ်နေရင်း ပထမဆုံးသိလိုက်ရတာက မီရာ ဟာ တကယ်ကို ကြင်နာပြီး ဂရုစိုက်တတ်တဲ့ သူနာပြုပါ....။

.......................

"လူစီးရပ်စ်! လူစီးရပ်စ်! ထတော့လေ..ရှင် Hogwart ကို သွားမယ်ဆို"

မီရယ၏ စကားအဆုံးတွင် လူစီးရပ်စ် တစ်ယောက် ငေါက်ခနဲ ထထိုင်သည်...ဟုတ်သားပဲ!ဒီနေ့ Hogwart ကို သွားရမည်...

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now