14 ♥

863 164 29
                                    

#Zawgyi

(Time Skip)

Great Hall ထဲတွင် မနက်စာစားလို့အပြီး လူစီးရပ်စ် လည်း ပထမဆုံးစာသင်ချိန်အတွက် ပြင်ဆင်လိုက်သည်...။

အခုနောက်ပိုင်း Text book တစ်အုပ်လုံးကို အလွတ်ကျက်ထားတာကြောင့် သင်ရကြားရတာက အဆင်ပြေနေသည်..။

ကျောင်းသားတွေဆီက တောင်းမကြည့်ရတော့သောကြောင့် တော်တော်|တော်တဲ့ ငါလေးဆိုပြီး ကိုယ့်ငချဉ်ကိုယ်ပြန်ချဉ်နေသောကြောင့် System ဆီကတောင် ပြန်အဆဲခံနေရသည်..။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော်တာကိုယ်သိတာပေါ့ !

_______________

"Draco!မင်းနဲ့ဟယ်ရီတို့် အခြေအနေဘယ်လိုလဲ?"

ရုံးခန်းသို့ အလည်လာသော သားတော်မောင်အား လူစီးရပ်စ် မေးလိုက်ခြင်း...။

"ဘာကိုလဲဗျ!"

တည်ခင်း ဧည့်ခံထားတဲ့ ဘီစကစ်မုန့် တစ်ခုကို ယူစားလိုက်ရင်း ပြန်မေးလာသည်..။

"မင်းတို့ရဲ့ အခြေအနေကွာ..အခုတလော မင်း ဟယ်ရီ့အပေါ် ဘယ်လိုခံစားရလဲ?"

"ဟို...သူ့ကိုမြင်ရင်လေ ကျတော့ရင်ဘတ်ထဲမှာ တဒုတ်ဒုတ်နဲ့..   အာ့ ဘာဖြစ်တာလဲဟင်!"

Draco ရဲ့ အဖြေကြောင့် လူစီးရပ်စ် တစ်ယောက် Devil Smile ကြီး ပြုံးလိုက်မိသည်.... ။

"ဟားဟား....အဲဒါမင်းသူ့ကို ရင်ခုန်နေတာကွ!"

"အာ...မဖြစ်နိုင်တာ!အဖေကလည်း.. ရင်ခုန်တယ်ဆိုတာ ကြိုက်နေလို့ ရင်ခုန်တာတဲ့..အဲဒါဆို ကျတော် ဟယ်ရီ့ကိုကြိုက်....."

"အေးပေါ့ကွ!မင်း ဟယ်ရီ့ကိုကြိုက်နေတာ!ငါပြောတာယုံ..ဟဲဟဲ! "

အဖေပြောတဲ့စကားတွေကိုတော့ ယုံချင်သော်လည်း မယုံရဲ..။
သူက ယုံပါလို့ ပြောလေလေ..ကိုယ်က မယုံချင်လေလေ...။

12 နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ စိတ်ကစားတာမျိုးလည်း ဖြစ်နေတာပဲလေ...။

"ဒါနဲ့ ဟယ်ရီရော အခုတလော နေကောင်းရဲ့လား?သူ့ကို တွေ့လိုက်ရင် အမြဲငိုင်တိုင်တိုင်နဲ့..စာသင်တာကိုလည်း စိတ်မဝင်စားဘူး!

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now