#Zawgyi
"လူစီးရပ်စ်! "
နောက်ကနေ လှမ်းခေါ်မိလိုက်တော့ လှည့်ကြည့်လာတဲ့ ကိုယ့်ရဲ့ ဆရာဂုတ်ဝဲ... ။
"လမ်းလျှောက်နေတာလား?"
"ငါ ပျံနေတာ မြင်လို့လား?"
စကားကို ဘုကလန့်ပဲ ပြောတတ်တဲ့ Sev ကြောင့် ရယ်မိပေမယ့် ဘေးနားက တစ်ယောက်ကတော့ ကျောက်ရုပ်မျက်နှာ ။
"အာ...ငါတို့ ကွစ်ဒစ်လေ့ကျင့်ရေး အတွက် တနင်္လာနေ့ နဲ့ သောကြာနေ့ တာဝန်ကျတယ်! "
မနက်ကလေးတင် ပရော်ဖက်ဆာ ဒမ်ဘယ်ဒေါ ၏ ကျေးဇူးတော်ကြောင့် ဆေးဗားရပ်စ် နှင့် အတူ ကြီးကြပ်ခွင့် ရခဲ့သည် ။
"အဲဒါ ငါသိပြီးသား! "
ဆေးဗားရပ်စ် ကတော့ သူ့ကို မကြည့်ပဲ အရှေ့သို့ ဆက်လျှောက်လျက် ။
"ငါ့ကို စောင့်ဦး! "
ခြေလှမ်းတွေ မြန်ဆန်လွန်းတဲ့ ချစ်ရသူ ရဲ့ နောက်သို့ ပြေးလိုက်ရလေသည် ။
မင်းရဲ့ ရှေ့ဆက် လျှောက်လှမ်းရမယ့် လမ်းတွေမှာ ငါဆိုတဲ့ လူစီးရပ်စ် လည်း အတူ ရှိနေချင်တယ်.. ဆေးဗားရပ်စ် ။
______________________
"အဟမ်း!"
ကွစ်ဒစ်ကွင်းထဲသို့ လေ့ကျင့်ရန် အရောက် တံမြက်စည်းပျံ ရှာမတွေ့၍ စတိုခန်းထဲသို့ ရောက်ချိန် အနောက်က ချောင်းဟန့်သံ ကြောင့် ဟယ်ရီ အနောက်သို့ လှည့်ကြည့်လိုက်သည် ။
"ဒရေကို! "
နာမည်ခေါ်ပြီးပြီးချင်း ချက်ချင်း ဟိုဘက် ပြန်လှည့်သွားတဲ့ ပေါက်စ ရဲ့ ပါးပြင်နှစ်ဖက်မှာ ပန်းရောင် သန်းနေသည်ကိုတော့ ဒရေကို မြင်ဖြစ်အောင် မြင်လိုက်ရပါသည် ။
"မင်း....ဘာရှာနေတာလဲ? "
"တံမြက်စည်းတွေ ထားတဲ့ အခန်း ထဲမှာ ငါက မိန်းမရှာရမှာလား?"
အချိန် ကြာလာလို့ ကူရှာပေးချင်လို့ မေးမိတာ ဟာကို..
ဖြေပုံကိုက ဘုကလန့် ။"ငါက ကူရှာပေးချင်လို့ မေးတာပါကွာ.."
"ရှာမနေနဲ့တော့ တွေ့ပြီ! "