17 ♥

865 154 22
                                    

#Zawgyi

" ရော့....ဒါက ကိုယ့်ရဲ့ Sev လေး အတွက်..!"

လက်ထဲက ပန်းစည်းကို စတိုင်ကျကျ ဖြင့် ဆေးဗားရပ်စ် ဆီသို့ ပေးရင်း လျှောကျနေသော ဆံမျှင်ရှည်များကို နောက်သို့ သက်တင်လိုက်သည်...။

"မလိုဘူး!"

Sev ကတော့ ပန်းစည်းကို တစ်ချက်ကြည့်ကာ မျက်နှာလွှဲပြီး စာပြန်စစ်နေလေသည်...။

( Host!Host!Host!)

System ၏ အသံက နားထဲသို့ ဖြတ်ပြေးလာခြင်း...။
ရုတ်တရက် အဲလစ်စ် ၏ ခေါင်းထဲတွင် မူးဝေလာသည်...။

(အေး.....!ဘာဖြစ်နေတာလဲ...အား..ငါ~)

Sev ၏ စားပွဲခုံပေါ်မှာ ထောက်ထားသော လက်သည် ခေါင်း ကိုက် မှု ဒဏ်ကြောင့် ခွေကျ သွားချိန်တွင် လူစီးရပ်စ် တစ်ယောက် ကြမ်းပြင် ပေါ်သို့ ထိုင် လျက် ကျသွားသည်..။

"လူစီးရပ်စ်! "

စာကို ပြန်အာရုံစိုက်နေရင်း ခေါက် ခနဲ ခွေကျသွားတဲ့ လူစီးရပ်စ် ကြောင့် လက်ထဲက စာရွက်ကို လွှတ်ပစ်ကာ လူစီးရပ်စ် ဆီသို့ အပြေးသွားမိသည်..။

"လူစီးရပ်စ်! မင်း အဆင်ပြေရဲ့လား?"

လဲကျသွားသော သူ့ကို ဆွဲထူရင်း ဆိုဖာပေါ်သို့ တြဲကာ ရေတစ်ခွက် ခပ်တိုက်ရင်း ယပ်ခတ်ပေးနေသော ဆေးဗားရပ်စ် ကို ဝိုးတိုးဝါးတား မြင်တွေ့နေရသည်..။

"ငါ....ငါ မင်းဆီကို ဘယ်လို ရောက်လာတာလဲ?"

အဲလစ်စ် မေးလိုက်ခြင်း...။

(System ရေ....System! )

(Host! အဆင်ပြေရဲ့လား... Host နဲ့ အဆက်အသွယ် ပြတ်သွားတာ ဘယ်လိုဖြစ်သွားလဲ မသိဘူး!)

System ရဲ့ စကားများကြောင့် အဲလစ်စ်မှာ ပို၍ ရှုပ်ထွေး သွားရသည်...။

တကယ့် လူစီးရပ်စ် က သူ့အပေါ် သို့ လွှမ်းမိုး သွားပြန်လေပြီ...။

အရင်ကဆို ဒီလောက်ထိ မဆိုးရွားခဲ့...အသိ တစ်ချက် တစ်ချက် လွတ်သွားလောက်ရုံလေးသာ..။

အခုတော့..ကိုယ်ကိုကိုယ် တောင် မသိတော့...။

Sev ဆီကို မည်သို့ ရောက်လာခဲ့သည် ဆိုတာပါ မေ့နေခြင်း..။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now