5 ♥

1.1K 190 15
                                    

Zawgyi

"ပရော်ဖက်ဆာ!"

မစ္စတာဖီးရှ် က ပရော်ဖက်ဆာ စနိပ်ကို မြင်တော့ အနောက်ကို နည်းနည်း ဆုတ်သွားသည် ...

" လူစီးရပ်စ် ကို ကျတော်ပဲ ဧည့်ခံလိုက်ပါ့မယ်!"

စနိပ်က မစ္စတာ ဖီးရှ်ကို ပြောလိုက်တော့ မစ္စတာဖီးရှ်က သူရဲ့ ချဉ်ပြုံးပြုံးမျက်နှာနဲ့ ခေါင်းတစ်ချက်ညိမ့်ပြီး ပြန်ပြောရှာတယ်..

" ဟုတ်ကဲ့ပါ!ပရော်ဖက်ဆာ! "

မစ္စတာဖီးရှ်ထွက်သွားတော့ ပါမောက္ခ စနိပ်က လူစီးရပ်စ်ကို သူ့ရဲ့ကျောက်ရုပ်မျက်နှာနဲ့ ကြည့်သည်...

"မင်း ဒီကို ဘာလာလုပ်တာလဲ?"

စနိပ်၏ အသံက ဇာတ်လမ်းထဲမှာကဲ့သို့ တည်ငြိမ်လွန်းသလို ကြောက်ဖို့လည်းကောင်းသည်..
ဒီလောက် ကြောက်ဖို့ကောင်းတဲ့အသံနဲ့ စာသင်နေတာ ကျောင်းသားတွေတော့ လန့်မသေကုန်ဘူးလား မသိဘူး🙄
လူစီးရပ်စ် စနိပ်ကို ကြည့်ပြီး တွေးလိုက်မိသည်..တစ်ဆက်တည်းမှာပဲ... တခြားအကြံတစ်ခုပါ ထပ်ထွက်လာတော့သည်..
...ဟုတ်သားပဲ!စာသင်တာ..ငါ ဒရေကိုနဲ့ ဟယ်ရီကို အနီးကပ်ဆုံးစောင့်ကြည့်လို့ရမယ့် အကြံတစ်ခုရပြီ...

"ငါ..ငါ ဒမ်ဘယ်ဒေါကို လာတွေ့တာ"

"ဘာ!!..မင်းဘာပြသာနာရှာမလို့လဲ?လူစီးရပ်စ်!ဒီကိုလာတာမင်းအတွက် အန္တရာယ်များတယ်ဆိုတာ မသိဘူးလား?"

စနိပ်က အော်ပြောလိုက်တော့ လူစီးရပ်စ် နည်းနည်းတောင် လန့်သွားမိတယ်..စနိပ်၏အသံ မှာ စိုးရိမ်သလို အရိပ်အယောင်တွေပါ ပါလာသည်...သူ့ကိုယ့်သူ စိတ်ပူတာပဲလား..လူစီးရပ်စ်ကို စိတ်ပူနေတာလား မသဲကွဲ..

"အေးပါ..ငါသိပါတယ်..ငါ..သွားတော့မယ်နော်!ငါ့ကို စိတ်ပူမနေပါနဲ့..ကိစ္စရှိလို့လာတာ!ကောင်းတဲ့ကိစ္စပါ..ကျိန်ဆိုကျိန်ရဲတယ်"

လူစီးရပ်စ်၏ ကျိန်ဆိုကျိန်ရဲတယ်ဆိုတဲ့ စကားကြောင့် စနိပ်လည်း ဘာမှထပ်မပြောတော့ဘဲ သက်ပြင်းတစ်ချက်သာချလိုက်သည်...

အဲလစ်စ်က ဇာတ်လမ်းကြည့်ကတည်းက လူစီးရပ်စ် နဲ့ စနိပ်နဲ့က သူငယ်ချင်းတွေဆိုတာ သိပြီးသား..သို့သော် ဒီလောက်ရင်းနှီးလိမ့်မယ် လို့တော့ မထင်ခဲ့ပါ..။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now