21 ♥

792 117 29
                                    

#Unicode

"ကျောင်းသားများ အားလုံး နားထောင်ပေးကြပါ "

ကျောင်းအုပ်ကြီး ဒမ်ဘယ်ဒေါ ၏ စကားသံကြောင့် ကျောင်းသား တွေကလည်း အလိုက်သင့် ငြိမ်သက် ပေးကြသည်။

"ဒီနှစ် ရဲ့ ကွစ်ဒစ် ရာသီဟာ နောက်အပတ်ကနေပြီး စတင်ပါပြီ"

ရေး...........

ခုနက ငြိမ်ကျနေသော ကျောင်းသားထုကြီး မွာ တစ်ဟုန်ချင်း ရေး....ကနဲ အသံထွက်ပေါ်ကာ ဟောခန်း ကြီး တစ်ခုလုံး ဆူညံသွားကြသည်။

"ဒါကြောင့်မို့ ဒီနေ့ကစပြီး အသင်းလိုက် လေ့ကျင့်ရေး တွေအတွက် တာဝႏၠ္ ဆရာမ္ားက စောင့်ကြပ် ပေးပါလိမ့်မယ်! "

"ဒါဆို မနက္စာ သုံးဆောင်လို့ ရပါပြီ! "

မင်္ဂလာ ရှိသော သတင်းလေးနဲ့ အတူ ဟော့ဝပ်၏ မနက်ခင်းလေးကို စတင်လိုက်ကြသည် ။

_______________________

ဒေါက် ~ ဒေါက်

"ဝင်ခဲ့ပါ! "

စာတမ်းတွေ စစ်နေရင်း အရှေ့မှ တံခါးခေါက်သံ ကြောင့် ဝင်ခဲ့ရန် အသံပြုလိုက်တော့ ဝင်ရောက်လာသည်က သားတော်မောင် ဒ​ရေကုိ။

"အေဖ! "

ဝင်လာကတည်းက ပြုံးပြုံး ပြုံးပြုံး နဲ့ ဘာတွေ ပျော်စရာ ရှိနေမှန်း မသိ ။

"အေး... လာခဲ့!ဘာတွေ ဒီလောက် မြူး နေရတာလဲ? "

ဆိုဖာပေါ်တွင် ထိုင်ရင်း ပြုံးဖြီးနေသော သားတော်မောင် ၏ ဘေးနားတွင် လူစီးရပ်စ် လည်း ဝင်နေရာယူလိုက်သည် ။

"ဟိုလေ..ဟဲဟဲ..."

ပြောစရာ ရှိတာ မပြောပဲ ဟဲဟဲ လုပ်နေသော နဂါးပေါက်စ ကြောင့် လူစီးရပ်စ် စိတ်မရှည်ချင်တော့ ။

"ပြောမှာလား ၊ မပြောဘူးလား!မပြောရင် ငါ အလုပ်လုပ်ဦးမယ် ကြ! "

လူစီးရပ်စ် က စိတ်မရှည် သလို အော်လိုက်တော့ ချက်ချင်း မျက်နှာ ညိုးကျသွားတဲ့ ကလေးငယ် ။

"အဖေကလည်း... မတွေ့တာ ကြာလို့ လာတွေ့တဲ့ဟာကို
တစ်ဦးတည်းသော သားလေးကို အော်ပဲ လွှတ်နေတယ်... ရွှတ် ~"

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now