11 ♥

1K 200 89
                                    

Zawgyi❤

"မက်ဖွိုင်း!ငါ့ကိုလွှတ်ဦး"

အနောက်က ဟယ်ရီ့အသံကြားမှပဲ ဒရေကို လှည့်ကြည့်မိသည်..... ။

"အမ်...မင်းက ဘာလို့ ငါ့နောက်လိုက်လာတာလဲ?"

"ဘာ!ငါက မင်းနောက်လိုက်လာတာမဟုတ်ဘူး..မင်းက ငါ့ကို ဆွဲခေါ်လာတာလေ!"

ဟယ်ရီက ပြောလဲပြော ၊ သူ့လက်ကို ဆွဲထားတဲ့ ဒရေကို့ရဲ့ လက်ကိုလည်း ခါချလိုက်သည်...။

ဒရေကို ကလည်း အခုမှ သတိရဟန်ဖြင့်....

"ဟို...ငါတောင်းပန်ပါတယ်ကွာ..!ငါ့အဖေက ပွစိပွစိ လုပ်နေတာနဲ့ မင်းကိုပါ ဆွဲခေါ်လာမိတာ...."

"အေးပါ...ငါသိပါတယ်!"

ဟယ်ရီက သူ့လက်လေးသူကိုင်ပြီး ပွတ်နေတာကြောင့်

"မင်းအဆင်ပြေရဲ့လား?ငါဆွဲလိုက်တာ နာသွားသေးလား?"

"ဟင်...."

ဟယ်ရီ သူ့ရှေ့က ကောင်လေးကို တခြားတစ်ယောက်လား လို့တောင် သူ့ကိုယ်သူ ပြန်မေးမိလိုက်သည်.... ။
မောက်မာ၊ မာနကြီး ၊ တစ်ကိုယ်ကောင်းဆန်ပြီး ဘယ်သူ့ကိုမှ လူမထင်တဲ့ ဒရေကို မက်ဖွိုင်းလိုလူက အခုတော့ မျက်နှာငယ်လေးဖြင့် သူ့ကို စိတ်ပူနေသည်...။

"ဟယ်ရီ!ငါမေးတာကြားလား?"

"အမ်....အွန်း...ငါအဆင်ပြေပါတယ်!"

"အင်းပါ...ဒါဆို ငါအဆောင်ပြန်တော့မယ်!"

"ခန....."

ဒရေကို သွားမည်အလုပ် ဟယ်ရီ၏ စကားသံ​ကြောင့် ဟယ်ရီ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်...။

"ပြောလေ.."

"ဟို...မင်းနဲ့ငါနဲ့က သူငယ်ချင်းဖြစ်နေပြီလား?"

ဟယ်ရီ၏ မေးခွန်းကြောင့် ဒရေကို့နှုတ်ခမ်းလေးက အနည်းငယ် ကွေးတက်သွားသည်.... ။

"ဒါပေါ့!ငါတို့ သူငယ်ချင်းဖြစ်လို့ရတယ်မလား?ဟယ်ရီ!"

ဒရေကိုက သူ့ကို ဟယ်ရီ လို့ ခေါ်လိုက်တာကြောင့် စိတ်ထဲတွင် ရင်းနှီးသလို ခံစားမိလိုက်သည်....။

"ရတာပေါ့!ဒရေကို"

"အဲဒါဆိုပြန်မိတ်ဆက်ပါ့မယ်!I'm Malfoy...Draco malfoy "

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now