19 ♥

833 141 29
                                    

#Zawgyi

"မဒမ် ! ဆီးမက်စ် အခြေအနေ ဘယ်လိုလဲ?"

ဟယ်ရီ အခုရောက်နေသည်ကား ကျောင်းဆေးခန်း ထဲတွင် ကျောက်ရုပ်ကြီး သဖွယ် မလှုပ် မယှက် လှဲလျောင်း နေသော ဆီးမက်စ် ၏ အရှေ့....။

"အဆင်ပြေပါတယ် ကွယ်! အသက် အန္တရာယ် တော့ မရှိတော့ပါဘူး! "

မဒမ် ပွန်ဖရေ က ဆီးမက်စ် ကို ကြည့်ရင်း ဟယ်ရီ့ ကို ပြောပြသည်...။

"ဟုတ်ကဲ့ !ဒါဆို ကျတော် ပြန်တော့မယ်နော် "

"အေးပါကွယ်!"

လျို့ဝှက် ရမည့် ကိစ္စ ဖြစ်သည့် အတွက် ဟယ်ရီ တစ်ယောက်တည်း တခြားလူတွေ သတိမထားမိစေရန် အဆောင်မှ မနက် စောစော ထွက်လာခဲ့သည်..။

မဒမ် ပွန်ဖရေ ပြောစကား အရ ကျောင်းအုပ်ကြီး ဒမ်ဘယ်ဒေါ အပါအဝင် ဆရာများ အားလုံး သိပြီးပြီ ဖြစ်သည်..။

ဤ ကိစ္စ ကိုတော့ သူတို့ ဖြေရှင်း နိုင်လောက် ပါရဲ့..။

____________________

(Host! ထတော့...Host!!! )

(အောင်မလေး.....ဘုရား!)

နားထဲတွင် အူနေအောင် ဆူညံနေလေသော System ၏ အသံကြောင့် အဲလစ်စ် တစ်ယောက် လန့်ပြီး နိုးလာရသည်..။

( ဝါး.......နင် ဘာဖြစ်နေတာလဲ? )

အိပ်ချင်မူးတူးဖြင့် တစ်ချက် သန်းလိုက်ရင်း ပျင်းကြောဆန့် လိုက်ကာ System ဆီသို့ စကားလွှဲလိုက်သည်..။

( ဘာဖြစ်နေတာလဲ?ဟုတ်လား..ဒီနေ့ ကျောင်းအုပ်ကြီး ရုံးခန်းသွား ရမယ် လေ..!)

(ဟုတ်သားပဲ! !)

အဲလစ်စ် အခုမှ သတိရမိသည်..။

မနေ့က ဖြစ်တဲ့ ကိစ္စ အတွက် ဒီနေ့ ဆရာအစည်း အဝေး လုပ်မည် ဖြစ်သည်..။

မနေ့က ဆိုမှပဲ ပထမဆုံး သတိရမိသည်က ဆေးဗားရပ်စ်.....။

( Flash back.... )

"မဒမ်! သူ့ကို ကယ်ပါဦး!"

အဲလစ်စ် ပွေ့ချီ လာတဲ့ ကလေးလေး ကို ကြည့်ပြီး မဒမ် ပွန်ဖရေ မှာ လည်း အံသြ သွားသည့်ပုံ..။

"ဘာ..ဘာဖြစ် လာတာလဲ?"

မဒမ် ပွန်ဖရေ က ဆေးရုံကုတင် ပေါ် တင်ထားသော ဆီးမက်စ် ကို ကြည့်ပြီး လူစီးရပ်စ် နှင့် စနိပ် တို့ကို မေးလာသည်...။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now