18 ♥

783 136 20
                                    

#Zawgyi

"ဒါ..ဒါ ...!"

"ဆီးမက်စ်! "

ဟယ်ရီ တို့ အော်သံနက်ကြီး ဆီသို့ ရောက်လာလေပြီ..။

မြင်လိုက် ရသည့် မြင်ကွင်းကား မရှုမလှ..။

ကျောင်းက ပထမနှစ် ကျောင်းသားသစ်လေး ဆီးမက်စ် သည်  သူ့ကင်မရာလေးကို ကိုင်ကာ ကျောက်ရုပ်ကြီး သဖွယ် လှဲလျောင်း နေခြင်း..။

"မထိနဲ့စမ်း!!"

ဟယ်ရီ တို့ ဆီးမက်စ် ကို ထိမည် ကြံတုန်း အနောက်မှ အော်လာသည့် အသံကြောင့် နောက် တွန့် သွားရသည်..။

"ပရော်ဖက်ဆာ!"

အနောက်မှ အသံ၏ အသံကား ပရော်ဖက်ဆာ စနိပ်ပင် ဖြစ်သည်...။

သို့သော် တစ်ယောက်တည်း မဟုတ် ၊ ဘေးနားတွင် ပါလာသူကား သူ၏ ယောက္ခထီးကြီး ပရော်ဖက်ဆာ မာလ်ဖွိုင်း..။

"ဖယ်ကြစမ်း!"

ပရော်ဖက်ဆာ စနိပ်က ဟယ်ရီ တို့ကို ဆွဲဖယ်ရင်း ဆီးမက်စ် ကို သေချာ ကြည့်လိုက်သည်..။

"Sir...!!"

"ပြော.!"

ရွန် ၏ ခေါ်သံကြောင့် လူစီးရပ်စ် က စနိပ် အစား အသံပြုလိုက်သည်..။
သူ့ပုံကတော့ အံသြသည့်ပုံ မပေါ်...။

ဘယ် အံသြမလဲ? ဒါတွေဟာ ဘယ်သူ့လက်ချက် ဆိုတာ သိပြီးသားလေ..။

ဇာတ်လမ်းအတိုင်း ဆိုလျှင် ဂျင်းနီ သည် သွေးကို အသုံးပြု ၍ လျို့ဝှက် ခန်းဆောင် အကြောင်း ရေးမည် ဖြစ်သည်..။

ထို့ကြောင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ အနောက်ဘက် မှာ ရေးသားထားတဲ့ သွေးစာ...။

"လျို့ဝှက် ခန်းဆောင် ပွင့် လာပြီ...မစစ်မမှန် တွေ ပျောက် ကွယ် တော့ မယ်!"

လူစီးရပ်စ် က နံရံမှာ ရေးထားသည့် စာများကို တစ်လုံးချင်း စီ ဖတ်ပြလိုက် ချိန်တွင် ပရော်ဖက်ဆာစနိပ် အပါအဝင် ဟယ်ရီတို့ ကပါ သူ့ကို ကြည့်နေကြသည်...။

ထို အထဲမှာ အထူးခြားဆုံး မျက်ဝန်း တစ်စုံကတော့ ဆေးဗားရပ်စ် ရဲ့ မျက်ဝန်း တွေ ဖြစ်နေခဲ့တယ်...။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now