3 ♥

1.3K 221 34
                                    

Zawgyi

မနက်ရောင်ခြည် စူးစူးက အဲလစ်စ် ကိုယ်ပေါ်ဖျာကျလာသည်...

"လူစီးရပ်စ်! ထတော့..ကျမတို့ ဒရေကို့ကို လိုက်ပို့ရတော့မယ်"

မီရာက ရုတ်တရက် လာနှိုးတာကြောင့် ငေါက်ကနဲ ထထိုင်လိုက်သည်...။

"ဘယ်ကိုလဲ?"

"ဟော့ဝပ်ကိုလေ..ဆောတီး!မနေ့က တစ်ခါတည်း ပြောလိုက်ရမှာ"

လူစီးရပ်စ် အဖြစ် ပထမဆုံးနိုးထရသော မနက်ခင်းက အဲလစ်စ် အဖြစ် နိုးထရသော မနက်ခင်းလောက် မနွေးထွေး...
အိမ်မှာဆို မနက်ထပြီဆိုတာနဲ့ အမေ့ရဲ့ နွေးထွေးတဲ့အနမ်းက နဖူးပေါ် Auto ရောက်ပြီးသား...
ပြောရင်းနဲ့ ငိုမိတော့မယ်..။

"လူစီးရပ်စ်!"

"အေး..အေး!ငါထပြီ"

"အဲ့ဆိုလည်း မျက်နှာသစ်တော့!တော်ကြာ နောက်ကျနေဦးမယ်..ဒရေကိုက ပြင်တောင် ပြင်ဆင်ပြီးနေပြီ"

မီရာက တဘက်တစ်ထည်ကို လူစီးရပ်စ် ပုခုံးပေါ်တင်ပေးခဲ့ပြီး အောက်ထပ်သို့ဆင်းသွားသည်..
လူစီးရပ်စ် လည်း ရေချိုးခန်းထဲမှာ လုပ်စရာရှိတာ လုပ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်..
(A/N ရေချိုးတာကို ပြောတာ😅)

အောက်ထပ်ကို ရောက်တော့မှ အိမ်ကိုသေချာကြည့်မိသည်...Malfoy Manor က တော်တော်ခမ်းနားတာပဲ....

"အောင်မလေး! "

ရုတ်တရက် ပေါ်လာသော မှင်စာတစ်ကောင်ကြောင့် အဲလစ်စ် လန့်ပြီး ထအော်လိုက်မိသည်..ပြီးတော့မှ မှင်စာက အဲလစ်စ် ကိုပြောသည်..

"သခင်ကြီး!ထမင်းစားခန်းမှာ သခင်လေးစောင့်နေပါတယ်"

"အော်!အေး..အေး"

လူစီးရပ်စ် လည်း မှင်စာကို လျစ်လျူရှုပြီး ထမင်းစားခန်းထဲသို့ ဝင်လာခဲ့တော့သည်...။

"လူစီးရပ်စ်! ဝင်ထိုင်လေ"

မီရာက ဆင်းလာသော လူစီးရပ်စ် ကိုတွေ့၍ လှမ်းခေါ်သည်... ဒရေကိုကတော့ သူ့ပန်းကန်သူ ဆက်စားနေသည်..။
ထမင်းစားပြီးတော့ ဒရေကို့ကို လိုက်ပို့်ဖို့ King Cross ဘူတာရုံဆီသို့ သွားကြသည်..။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now