Uni
"သားရယ်...အလုပ်မဝင်ပါနဲ့လား..."
ဒေါ်နှင်းဆီရှားတစ်ယောက်မျက်နှာလေးငယ်ပြကာသားဖြစ်သူအားမိမိအလိုလိုက်ဖို့အရေးချော့နေရသည်..။
မိဘလက်ငုတ်စီးပွားရေးလုပ်ငန်းကိုမလုပ်ပဲ ဝါသနာပါရာကျောင်းဆရာသင်တန်းကို အတိုက်အခံလုပ်ပြီးသွားတက်တော့လည်းဒီအချစ်ရဆုံးသားလေးကို မိမိမတားသာခဲ့..။
အငယ်ဆုံးလေးမို့ သူမ သိပ်ချစ်ရသူမဟုတ်လား..။
အမြွှာအနေဖြင့်ကိုယ်၀န်လွယ်ခဲ့ရပေမယ့်ညီမဖြစ်သူကအပြင်ရောက်မှမွေးရာပါနှလုံးရောဂါနဲ့ဆုံးသွားလေတော့ ဒီကလေးအား မိမိမှာပိုတိုးလို့ကြင်နာခဲ့ရသည်..။
သမီးကြီးဖြစ်သူကလည်းMBBS နဲ့ကျောင်းပြီးလို့ အထူးကုဘွဲ့အတွက်ကျောင်းဆက်တက်နေသည်မို့မိမိတို့လင်မယားဘေးအနားမှာမရှိ..။
ဒီကလေးလေးကိုသာသမီးလိုတဖုံသားတသွယ်တသသနေရသည်မို့အဝေးအားလုံး၀မသွားစေလိုပေ..။
ကဲကဲ တစ်ယောက်မျက်နှာငယ်ဖြင့်လာချော့နေသောမိခင်ဖြစ်သူအားရယ်ပြကာအားရပါးရပွေ့ဖက်လိုက်ပြီးနှစ်သိမ့်စကားဆိုရပြန်၏။
"အာ..မားကလည်း သင်တန်းတက်ပြီးလို့ positionချကာမှလာတားရလား...သား..၅နှစ်လောက်ပဲလုပ်မှာ ပြီးရင် မားတို့ လုပ်စေချင်တာကို သားလုပ်မယ်..ဟုတ်ပြီလား...မမကလည်းခွင့်ပြုတယ်လေ....အဝေးကြီးလည်း တာဝန်ကျတာမဟုတ်ပဲ..ပါးကတောင်ခွင့်ပြုနေတာ..သားကိုစိတ်မပူပါနဲ့..နော်..နောက်ပြီး ယွန်းထည်လုပ်ငန်းလည်းသားခဏခဏသွားကြည့်ပေးလို့ရတယ်လေ..မားလည်းလာလို့ရတာပဲကို..နော်မား..နော်.."
အချက်ကျကျသူ့အပြောအားမငြင်းသာသည်မို့ မိခင်ဖြစ်သူကခေါင်းမငြိမ့်ချင်ငြိမ့်ချင်ငြိမ့်ပြလာကာမှ ကဲကဲ သက်ပြင်းအသာခိုးချလိုက်ရသည်..။
ကဲကဲ က မန္တလေးသား...။
နာမည်က ငယ်ချစ်ကဲပို...အသက်က ၂၂...။
မိဘတွေကဆင်းရဲသူတွေမဟုတ်သည့်အပြင်မျိူးရိုးအစဥ်အဆက်ချမ်းသာသူတွေ..။
ဖခင်ဖြစ်သူက ပိုထွန်းသာ နာမည်ဖြင့်ဖွင့်ထားသော..ဆောက်လုပ်ရေးကုမ္ပဏီ...ကား showroom... ဆိုင်ကယ်အရောင်းဆိုင်တွေ စသည့်အနယ်နယ်အရပ်ရပ်ကဆိုင်ခွဲတွေကိုဦးစီးလုပ်ကိုင်လေ၏။
YOU ARE READING
ငယ်ချစ်တည်စေM-preg(Completed)
Romanceဇွတ်အတင်း အဖြောင့်ဟု အော်နေသော ဦးတည်(ခေါ်)ကမ္ဘာတည်စေ ချစ်ရသူ...ချစ်ဦးသူကို ချစ်ခွင့်ရရုံ ငေးကြည့်နေရုံသာ ကျေနပ်နေသော ကဲကဲ(ခေါ်)ငယ်ချစ်ကဲပို မကြွေရဲ့ ၆ပုဒ်မြောက်fic