အပိုင်း ၄

13.7K 1.3K 44
                                    

Uni

"တီ...တီ"

ကားဟွန်းသံကြားသည်နှင့် ခြံစောင့်ကအပြေးလာဖွင့်ပေးသည်..။

"ဦးလေးထွန်း ရှိပါတယ်ဗျ..စောင့်နေပါတယ်.."

အိမ်ပေါက်ဝထိရောက်အောင်ပို့ပေးခဲ့ပြီး ခြံစောင့်ကသူ့နေရာဆီလှည့်ပြန်သွား၏..။

တည်စေ အိမ်ထဲအသာဝင်လာတော့ အပေါ်ထပ်ကဆင်းလာသောဦးထွန်းနှင့်တည့်တိုးတွေ့လိုက်သည်မို့ သူ့အားပြုံးပြလာ၏။

"ထွက်မကြိုနိုင်တာ တောင်းပန်တယ် ကမ္ဘာရေ ဦးထွန်းရေချိူးနေလို့..."

တောင်းပန်စကားဆိုတော့လက်အသာကာပြလိုက်၏။

"အာ..ရတယ် ဦးထွန်း..အေးဆေးပေါ့...အခုမှ အိမ်ရောက်ဖူးတော့တာပဲ..."

"အေးကွာ..ဦးထွန်းလည်း ဖိတ်မယ်..ဖိတ်မယ်နဲ့..."

တည်စေ အိမ်ထဲကိုမျက်လုံးဝေ့ကြည့်လိုက်သည်။နာမည်ရဆောက်လုပ်ရေးကုမ္ပဏီတစ်ယောက်၏အိမ်ပီပီ တည်ဆောက်ပုံစနစ်ကျလှ၏..။

ထိုစဥ်ဧည့်ခန်းထောင့်၌ချိတ်ထားသောဓာတ်ပုံကိုမြင်တော့ တည်စေ အံ့သြကာ မျက်လုံးပြူးသွားရသည်..။

မိသားစုဓာတ်ပုံထဲမှာ ဟိုပုလင်းဖင်လေးအားတွေ့လိုက်ရသည်ပင်...။

သို့ပေမယ့်မျက်မှန်မပါသည့်ပုံဖြစ်လို့ မျက်လုံးလေးပိတ်သည်အထိရယ်နေတာများ တည်စေတောင်ကြည့်ရင်းပြုံးသွားမိသည်အထိ...။

"အာ...ဦးထွန်းသားက ငယ်ချစ်ကဲပိုလား..."

ထိုပုံအားငေးကြည့်ရင်းမေးတော့ ဦးထွန်းကတအံ့တသြမေးလာ၏။

"ဟေ..သားလေးကို ကမ္ဘာသိလို့လား..ဟုတ်ပါ့...ငယ်ချစ်ကဲပိုက ဦးရဲ့သား..."

ဦးထွန်းက တည်စေ ကြည့်တဲ့နေရာ လိုက်ကြည့်ကာဖြေလာသည်..။

ခဏနေတော့ ထိုင်ရာမှထသွားကာ ဓာတ်ပုံကို သွားယူလာ၏။

"ဒါက သမီးအကြီးဆုံးလေ...ရတနာရွှန်းပိုတဲ့ အခုအထူးကုတက်နေတာ ဒီနှစ်ဆိုပြီးပြီ...ဒါက ဦးထွန်း ဇနီး ဒေါ်နှင်းဆီရှားတဲ့ လူတော့မမြင်ဖူးသေးဘူးမဟုတ်လား..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now