အပိုင်း ၂၄

14K 1K 14
                                    

Uni

ဆေးရုံကဆင်းတော့ သူ့အိမ်သူသာ ပြန်လိုက်သွားသူကြောင့် တည်စေမှာကိုယ့်အိမ်ကိုပိတ်ခဲ့ပြီး အိမ်ပြောင်းကာလိုက်လာရသည်..။

ဇွတ်မခေါ်ရဲတာလည်းပါသည်..။

ကိုယ်ကမှားထားသည်မဟုတ်လား..။

ဒီနေ့မနက် ဆေးရုံဆင်းတော့အိမ်ပြန်ပို့ခဲ့ပြီးရုံးပြေးရပြန်သည်..။

မားရှိတာမို့ ချစ်ငယ်ကလေးနှစ်ယောက်နဲ့မပင်ပန်းတော့..။

ရုံးကိစ္စတွေအကုန်ပြီးတော့ ညနေ၄နာရီထိုးပြီ..။

အခုတော့အလုပ်ဆင်းချိန်မှန်အောင်ဆင်းပြီးအိမ်ကသားအဖတွေဆီအပြေးပြန်ရတာ သူ့အလုပ်တစ်ခုဖြစ်လာခဲ့ပြီ..။

အပေါ်ထပ်အိပ်ခန်းဆီတက်လာခဲ့ပြီး တံခါးကိုလှပ်ကာအသံပေးလိုက်၏။

"ချစ်ငယ်..ကိုကိုပြန်ရောက်ပြီ..."

ကုတင်ပေါ်ခေါင်းချပြီး သူ့သားတွေကို ချော့မြူနေရာက တည်စေ ဝင်လာတာမြင်တော့ လက်သေးသေးလေးတွေနဲ့သူ့သားနှစ်ယောက်လုံးကို သူ့အနားဆွဲကပ်လိုက်သူကြောင့် တည်စေရင်ထဲနင့်ကနဲ...။

သက်ပြင်းလေးတစ်ချက်ချကာ ကုတင်ဘေးဆီကပ်သွားလိုက်ပြီး ကုတင်အောက်ကနေ ဒူးထောက်လိုက်၏။

"ကိုကို့ကို အဲ့လိုမဆက်ဆံပါနဲ့ချစ်ငယ်ရယ်...ကိုကိုအဲ့လောက်ယုတ်မာတဲ့လူမဟုတ်ပါဘူး...လက်လွတ်စပါယ်ပြောလိုက်မိတာကလည်း သဘာဝမဟုတ်တဲ့ ဘဝတစ်ခုကို ဖန်တီးဖို့ အန္တရာယ်များတဲ့ခွဲစိတ်မှူတွေဆေးတွေသောက်ပြီး ချစ်ငယ်ကို ဆုံးရှူံးလိုက်ရမှာစိုးလို့..ပြောမိတာပါ....နည်းနည်းလေးတော့ ယုံပေးပါ...ကိုကိုက အဲ့စကားတစ်ခွန်းအတွက်..နောင်တတွေရနေခဲ့တာပါ..ယူကျုံးမရခံစားနေရတာပါ...ကိုကို့ကို အများကြီးမယုံသေးရင်တောင် ချစ်ငယ်အတွေးထဲမှာရှိနေတဲ့ သားတို့ကိုအန္တရာယ်ပေးမည့်သူဆိုတဲ့အတွေးကို ဖျောက်ပစ်ပါ...ကိုကိုက ရင်တွေနာလွန်းလို့ပါချစ်ငယ်ရယ်..."

"အင့်..ဟင့်...အင့်...အင့်.."

တအင့်အင့်နဲ့ငိုရှိုက်နေကာဘာစကားပြန်မှထွက်မလာတဲ့သူကို မော့ကြည့်ပြီးမတ်တပ်ထရပ်လိုက်၏။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now