အပိုင်း ၁၃

10.9K 1K 28
                                    

Uni

မနက်အစောထကာ ကိုကိုပြန်သွားသည်မို့ ကဲကဲ အိပ်ယာမထသေးပဲ ခွေနေမိသည်..။

ကဲကဲမှာ အခုကတည်းက ကိုကို့ကို လွမ်းနေပြီ..။

ကျောင်းပိတ်ရက်ဆိုတော့ ဘာမှလုပ်စရာမရှိ..။မနက်စာတော့စားရမည်မို့ အိပ်ယာပေါ်က ထလိုက်တော့ ဖြူဖွေးနေသောအိပ်ယာခင်းပေါ်၌အနီကွက်ကြီးတစ်ကွက်အားမြင်လိုက်ရသည်မို့ တခဏတော့လန့်သွားရ၏..။

သို့ပေမယ့်အသက်၀၀ရှုသွင်းကာ တည်တည်ငြိမ်ငြိမ်ပဲ အိပ်ယာခင်းကို သိမ်းကာအမှိူက်ခြင်းထဲပစ်ထည့်လိုက်သည်...။

ဒီအခြေအနေကိုနေသားကျနေပြီမို့ သူ ထူးပြီးမလန့်တော့..။

Ring!!

ဖုန်းဝင်လာသည်မို့ကြည့်လိုက်တော့ မမဖုန်းဖြစ်နေသည်..။

"ဟလို..မမ"

"ကဲလေး...နေကောင်းရဲ့လား..ရက်ရောက်နေပြီ.."

အရိပ်အကဲသိလွန်းလှသည့်သူ့အစ်မပါလေ..။

"အင်း..ဖြစ်နေပြီ....စိတ်မပူပါနဲ့မမ ကဲ နေသားကျနေပါပြီ..."

"အင်းပါ..စိတ်ပူလို့..ဂရုစိုက်အုံး တစ်ခုခုဆိုလှမ်းမေး...ရေနွေးအိတ်လေးနဲ့နေနော်"

"အင်းအင်း..."

Ring!!

မမရဲ့ဖုန်းချကာရှိသေး နောက်ထပ်ဝင်လာသောဖုန်းကြောင့် ကဲပြုံးလိုက်မိသည်..။​

ပြန်ရောက်ပြီထင်ပါရဲ့...။

"ဟ..လို..ကိုကို...ရေ"

ခပ်ချွဲချွဲခေါ်သံကြောင့် တည်စေ ပြေးဖက်ချင်စိတ်ပေါက်သွားရသည်..။

"ကိုကို့ကို အဲ့လိုကြီးချွဲမပြပါနဲ့ကွာ..ပြန်ပြေးလာချင်ပြီ...ချစ်ငယ်ရ.."

ထိုသို့ပြောလာတော့ ရင်ခုန်ရပြန်သည်..။

"ကိုကိုရေ..ချစ်လိုက်တာ..အများကြီးချစ်တယ်နော်...ဒီဘဲကြီးကိုဘယ်သူ့လက်ထဲမှမပေးနိုင်ပေါင်..."

"ကိုကိုကလည်း ချစ်ငယ်လက်ထဲကလွဲရင် ဘယ်သူ့ဆီမှ မနေပေါင်ဗျာ...ချစ်တယ်..ကိုကို့အသဲလေး...ကျန်းမာရေးဂရုစိုက်..ကိုကို နောက်လကုန်လောက်မှလာနိုင်တော့မှာ...လွမ်းလို့ဖြစ်စေ သတိရလို့ဖြစ်စေ အချိန်မရွေးဖုန်းဆက်ပါ...ကိုကို့ကိုပဲ ချစ်ပါအသဲကျော်လေးရေ..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now