အပိုင်း ၁၁

12.6K 1K 70
                                    

Uni

တည်စေ ချစ်ရသောကလေးငယ်၏ရယ်သံကြားရာနောက်လိုက်နေမိသည်..။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း မြူတွေဆိုင်းလို့...။တိတ်ဆိတ်နေလွန်းလှသဖြင့်လေတိုးသံသဲ့သဲ့နှင့်ကလေးငယ်ရယ်သံကိုသာကြားနေရ၏..။

"ကိုကိုရေ...လာ..ချစ်ငယ်ဆီလား..ချစ်ငယ် ပြစရာရှိလို့...လာလာ.."

"ချစ်ငယ်...ဘယ်မှာလဲ..ကိုကိုရှာမရဘူး..ချစ်ငယ်အသံပဲကြားနေရတာ..."

ပတ်ဝန်းကျင် ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်းတည်စေ အော်ပြောလိုက်သည်..။

ရယ်သံရပ်သွားလေပြီ..။

ထို့နောက်လေတိုးသံခပ်သဲ့သဲ့နှင့်ငှက်ကလေးတွေတေးဆိုသံကိုသာ ထင်းထင်းရှင်းရှင်းထပ်ကြားနေရသည်..။

"ကလေး..ချစ်ငယ်..ဘယ်ရောက်သွားတာလဲ...ကလေး.."

"ချစ်ငယ်က ကိုကို့နောက်မှာပါ ကိုကိုရဲ့.."

တည်စေ၏နောက်ပါးဆီကချိူသာသည့်အသံကြောင့် လှည့်ကြည့်လိုက်တော့ ချစ်ရသူကတည်စေအားပြုံးကြည့်နေသည်..။

တည်စေ အနားနား တဖြည်းဖြည်းကပ်သွားလိုက်တော့လက်ကလေးနှစ်ဖက်နောက်ပစ်ကာခါးလေးကိုင်းရင်း ပြောလာ၏။

"ကိုကို့ကို ချစ်ငယ်ကပြစရာရှိလို့..ကြည့်မယ်မလား..."

"ဘာပြမှာလဲ..ချစ်ငယ်..."

"မှဲ့သုံးလုံးလေး..ကိုကို ကြည့်မယ်မလား..."

ပြောပြောဆိုဆို bathrobe ကြိုးလေးခပ်ဖြည်းဖြည်းဖြည်နေသူကို တည်စေ စိုက်ကြည့်နေမိသည်..။

သူ မှဲ့သုံးလုံး မြင်ရတော့မည်..။

ချစ်ငယ်က ကြိုးဖြည်ကာပေါင်ကြားလေးကို လက်နဲ့အုပ်ကိုင်ထားပြီးစနောက်နေပြန်၏။

"ချစ်ငယ်ပြတော့မယ်နော်...ပြတော့မှာနော်.."

တည်စေ တံတွေးခဏခဏမြိုချကာ ရင်တဖိုဖိုကြည့်နေမိသည်..။ထိုကွယ်ထားသည့်လက်ကလေးကိုပြေးဖယ်ပစ်ချင်ပေမယ့် သူလှူပ်မရ...။

ချစ်ငယ်ကလက်ကလေးကို ဝုန်းကနဲဖယ်လိုက်သည့်အခိုက်...

"ကိုကိုရေ...သက်ကြားအိုလေးရေ...ချစ်ငယ့်ကျားကျားရေ..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now