အပိုင်း ၁၀

13.9K 1.1K 36
                                    

Uni

"တီ...တီ.."

ဒေါ်နှင်းဆီရှား ခြံ၀မှကားဟွန်းသံကြောင့် ဆိုဖာပေါ်မှဆတ်ကနဲပင်ထရပ်လိုက်မိသည်..။

သူမ သားငယ်လေး ဒီနေ့ပြန်လာမည်တဲ့လေ..။

မနေ့က မောင်တည်စေလိုက်သွားတာမို့စိတ်မပြေလွယ်တက်သည့်ထိုကလေးအကြောင်းသိနေတော့ပြဿနာပိုဆိုးသွားမှာ သူမကြောက်နေခဲ့တာပင်..။

ခုတော့ စိတ်ပြေသွားပြီထင်ပါရဲ့..။

ခေါင်းသိပ်မာပြီး အရွဲ့သိပ်တိုက်တက်တဲ့ကလေးမဟုတ်လား..။

သူမ သားငယ်က တစ်တစ်ခါ ပြောရသိပ်ခက်တာမို့ပြန်မပြောနားမထောင်လုပ်ရင် ဘယ်သူမှထိန်းမနိုင်ပေ..။

စိတ်ထင်ရာလုပ်တက်သူလေးမို့လည်းအမြဲစိတ်ပူနေရသည်..။

တည်စေ ဆင်ဝင်အောက်ကားထိုးရပ်ပြီးနောက်အမြန်ဆင်းကာ ချစ်ရသူလေးအလွယ်တကူဆင်းနိုင်ဖို့ကားတံခါးပြေးလှပ်ပေးလိုက်၏..။

မျက်နှာချိုသွေးကာဖားနေသည့်သူ့အားမျက်စောင်းတစ်ချက်ထိုးကာ ခြေဆောင့်ပြီး အိမ်ထဲဝင်သွားသူကို ကြည့်ရင်း တည်စေ ဟက်ကနဲ ရယ်လိုက်မိသည်..။

အတော်အကြောမာတဲ့ကလေး...။

တည်စေကို စိတ်ကောက်မပြေသေးပုံပဲ...။

ညကတစိမ့်စိမ့်ကြည့်ကာတစ်ရေးနိုးတိုင်းထနမ်းနေမိလို့ နှူတ်ခမ်းကသိသိသာသာယောင်နေလေ၏..။

ထို့အပြင်ဘုရားကပြန်ရောက်ရောက်ချင်းသူ့ကို မတိုင်ပင်ပဲ ဦးထွန်းဆီမနက်ပြန်လာတော့မည်ဟု တည်စေကအသိပေးလိုက်သဖြင့် ယခုလိုကောက်နေတာပင်...။

မနက်ခရီးစထွက်လာကတည်းကဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ပါးနဲ့မားကို အားနာစရာကောင်းတယ် ဘာညာနဲ့ အပြန်လမ်းတလျှောက်လုံးပွားပြီးလိုက်လာတာကြောင့်မောမှာစိုးလို့ တည်စေမှာနားနားပြီးပြောခိုင်းကာရေပင်ချော့တိုက်နေရသေးသည်..။

နှူတ်ခမ်းအယောင်ကျအောင်ရေခဲကပ်လာတော့ နှူတ်ခမ်းသားကရဲပြီးရင်းရဲစိုနေ၏..။

ထိုအခြေအနေကိုမြင်နေရသောတည်စေမှာတော့ကားမောင်းရင်း တံတွေးမြိုချရတာခဏခဏ..။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now