အပိုင်း ၁၉(Warning)🔞🚨🚨🚨

18K 944 25
                                    

Uni

ချစ်ငယ်ကိုကုတင်ပေါ်ချသိပ်လိုက်ပြီး တည်စေသူအရင်ဆုံးညဝတ်အက်ျီလဲလိုက်၏...။

ချစ်ငယ်ကမူးနေတာခေါင်းတောင်မထောင်နိုင်သည်မို့အပေါ်ထပ်ကုတ်အင်္ကျီကိုသာချွတ်ပေးလိုက်သည်။

ထို့နောက်အခန်းမီးကိုပိတ်လိုက်ပြီးစောင်ပါးတစ်ထည်ကိုဆွဲခြုံပေးလိုက်၏..။

သူကတော့ဆေးလိပ်ဗူးနှင့်မီးခြစ်ကိုယူပြီးဆေးလိပ်မီးညှိလိုက်ကာ ပြတင်းပေါက်ဆီမျက်နှာမူရင်း တစ်ချက်ရှိူက်သွင်းလိုက်သည်..။

ခမ်းပြောသွားသည့်စကားလုံးတို့၏အဓိပ္ပါယ်ကိုကို တည်စေ စဥ်းစားနေမိသည်..။

ချစ်ငယ်အကြောင်းဆိုတော့ ဘာကိုလဲတွေးမရ..။

ချစ်ငယ်အကြောင်းသူမသိထားတဲ့အရာများရှိနေသေးတာလား...။

ဆေးလိပ်တစ်လိပ်ကုန်လို့ နောက်တစ်လိပ်ထပ်မီးညှိနေတုန်းနောက်ကျောဆီဖက်တွယ်လာတဲ့ လက်တစ်စုံကြောင့် ဆေးလိပ်ကို အောက်ပစ်ချလိုက်ပြီးမီးသတ်ပစ်လိုက်၏သည်..။

လေထုထဲဝဲကျန်နေသော အငွေ့တို့ကိုလည်းလက်ဖြင့်ယမ်းကာ ခါထုတ်လိုက်သည်..။

ချစ်ငယ်အားသူ့ကြောင့်အန္တရာယ်မဖြစ်စေလို..။

နောင်ဆို ချစ်ငယ်ရှိနေချိန်ဆေးလိပ်မသောက်ဖြစ်အောင် ဆင်ခြင်ရမည်..။

ဆေးလိပ်ငွေ့ရှူမိရင်လည်း သောက်သလို ဆိုးကျိူးရှိသည်မဟုတ်လား..။

"နိုးပြီလား..ချစ်ငယ်.."

"အင်း..ကိုကိုက ချစ်ငယ်အနားလည်းမနေဘူး..ဘာလဲ အရက်နံ့နံလို့လား.."

ခပ်အီအီအမေးကြောင့်တည်စေရယ်လိုက်မိ၏။

"ဟောဗျာ..ကိုကိုက ချစ်ငယ်ဆီက ဘာနံ့ရရကြိုက်ပြီးသား..."

"ဟိ...ကိုကို ချစ်ငယ်သွားတွေကျိုးကုန်ပြီ..သူငယ်ချင်းတွေက သွားကျိူးလို့ခေါ်ကြတယ်..ဟင့်.."

စလာပါပြီ...မောင်ရစ်စိန်တို့ ငယ်ငယ်က သွားကျိူးတာကို သူ့မှာမမေ့နိုင်ရှာဘူး..။

"ကျိူးပါစေပေါ့...ကိုကိုက ရွှေသွားစိုက်ပြီး စိန်ကွပ်ပေးမှာ..စိန်သွားတပ်ထားတယ်ဆိုပြီး ချစ်ငယ်က သွားဖြီးပြီကြွားပစ်...ဟုတ်ပြီလား.."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now