အပိုင်း ၉

12.9K 1.1K 14
                                    

Uni

တည်စေတစ်ယောက်တော့ ကဲလေး ဘလော့သွားတဲ့နေ့ကတည်းက ကဲလေးတို့အိမ်ဆီချောင်းပေါက်မတက်သွားခဲ့သည်..။

ဦးထွန်းနှင့်အန်တီကလည်းတရားစခန်းကပြန်မလာသေးလို့မတွေ့ရ..။

တစ်ယောက်ယောက်ကို တွေ့ရနိုးဖြင့်စောင့်ရင်း ခြံရှေ့ကားထဲမှာအိပ်ပျော်သွားသည့်အထိ နေ့တိုင်းလိုလိုသွားစောင့်နေခဲ့မိ၏..။

ဦးထွန်းတို့ပြန်လာတော့ မျှော်လင့်ချက်တသီကြီးဖြင့်ကားပေါ်မှပြေးဆင်းကာ ကဲလေးရှိရာမေးမိတော့ သူတို့နဲ့အဆက်အသွယ်မရှိတာ တရားစခန်းဝင်ကတည်းကဟုဆို၏..။

မျှော်လင့်ချက်တို့ ပျောက်ပျယ်သွားရပြန်သည်..။

တည်စေမှာ ကုမ္ပဏီလည်းမသွားနိုင်သလိုအစာလည်းမဝင်..။

သူငယ်ချင်းတွေကိုလည်း အဆက်အသွယ်ဖြတ်ကာတစ်ယောက်တည်း ရှာပုံတော်မင်းသားကြီး လုပ်နေရ၏..။

ကျောက်ပန်းတောင်းလည်းရောက်ခဲ့ပြီ...။

သွားတက်သည့်နေရာမှန်သမျှရှာဖွေခဲ့ပေမယ့်လူအရိပ်တောင်မမြင်ခဲ့ရ...။

တစ်လကြီးများတောင် ပစ်ထားရက်သူကို ရှာတွေ့ရင် သူဘာလုပ်မိမယ်မသိ..။

နေ့တိုင်းလိုလို အိမ်ကိုလာပြီး ကဲလေးနဲ့အဆက်အသွယ်ရလား မေးနေမိတော့ ဦးထွန်းရော အန်တီရော သံသယဝင်လာပုံရသည်..။

ဦးထွန်းက ဒီနေ့မနက်အိမ်ကိုလာခဲ့ဖို့ မနေ့ညနေကဖုန်းဆက်ခေါ်သည်မို့ တည်စေ မနက်၇နာရီကတည်းကထွက်လာခဲ့၏..။

"ဟော...တည်စေ ရောက်ပြီလား...လာ..ထိုင်.."

ဦးထွန်းက ဧည့်ခန်းထဲမှာသူ့အားထိုင်စောင့်နေပုံရသည်..။တည်စေရောက်သည်နှင့် အန်တီက ကော်ဖီတစ်ခွက်ဖျော်ကာဆိုဖာပေါ်ဝင်ထိုင်ရင်းစကားစလာ၏။

"အန်တီတို့ မေးစရာရှိလို့ပါ သား.."

တောင်းဆိုသလို အပြုံးမပျက် စကားစလာသည်မို့တည်စေ ခေါင်းအသာငြိမ့်ပြလိုက်၏။

"မေးပါ..အန်တီ အမှန်ကန်ဆုံး မလိမ်မညာပဲ ဖြေပေးမှာမို့..မေးပါ..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now