အပိုင်း ၁၄

11K 1K 67
                                    

Uni

"ကဲ...ဒီနေ့အစည်းအဝေးပြီးပြီ...projectစဖို့ ရက်သတ်မှတ်ကြတာပေါ့.."

"ဒါပေါ့..မောင်တည်စေ..."

အစည်းအဝေးခန်းထဲက ထွက်လာပြီး ရုံးခန်းနောက်ဖက်အတွင်းထဲကနားနေခန်းကုတင်ပေါ်ပစ်လဲချကာ Facebook ကိုခဏဖွင့်ကြည့်လိုက်သည်..။

၁၂ထိုးရင် ကဲလေးဆီ ဖုန်းခေါ်ရမည်..။

ကျောင်းဆင်းချိန်မှသာ ဖုန်းခေါ်ဖို့ချစ်ရသူကအမိန့်ပေးထားသည်မဟုတ်လား..။

တည်စေအနေဖြင့်ကိစ္စတစ်ခုကို ချစ်ငယ်ထံဝန်ခံကာ တောင်းပန်ရအုံးမည်..။

ငယ်ချစ်ကဲပို ဆိုတဲ့accက ပိုစ့်တစ်ခုတင်ထားသည်မို့ တည်စေဝင်ကြည့်လိုက်တော့ မျက်လုံးပြူးသွားရ၏...။

ကုတင်ပေါ်ကနေဝုန်းကနဲထရပ်ကာဖုန်းအမြန်ခေါ်လိုက်မိသည်..။

ချစ်ငယ်က မန္တလေးရောက်နေသည်..။

သူ့ကို လုံးဝအသိမပေးတာ ဘာသဘောလဲ....။ဘေးမှာလည်းဘဲတစ်ကောင်ကအတူတူထိုင်စားလို့..။

"ဟလို..ကိုကို.."

"ချစ်ငယ်..ဘယ်မှာလဲ..."

"အပြင်မှာ..."

"မဟုတ်ဘူး..ကိုကိုမေးတာက ဘယ်မြို့မှာလဲမေးတာ..."

"ကျောက်ပန်းတောင်းမှာလေ..."

သူအံကြိတ်မိ၏။

"ချစ်ငယ်..ကိုကို့ကိုမလိမ်နဲ့...အခုလာခဲ့မှာမို့ စောင့်နေ..."

ကားသော့ဆွဲကာ ကမူးရူးထိုးထွက်လာခဲ့သည်..။

ချစ်ငယ်က သူ့ကိုလိမ်တယ်...။

ဒေါသတွေနဲ့မောင်းထွက်လာတာမို့ ချစ်ငယ်ရှိရာ ဒေါင်းလန်းကြီးဆိုင်ကို ဘယ်လိုရောက်လာသည်မသိတော့..။

ဆိုင်ထဲဝင်ကာ မျက်လုံးဝေ့ရှာတော့ သူ့ကိုကျောပေးကာ အစားမပျက်အသောက်မပျက်ထိုင်နေသူကတစ်ယောက်တည်းသာရှိနေ၏။

အစောကအတူထိုင်နေသည့်ဟိုတစ်ကောင်ဘယ်ရောက်သွားတာလဲမသိ..။

"ချစ်ငယ်.."

"ဪ..ရောက်လာပြီလား...ခဏလေးငွေရှင်းလိုက်အုံးမယ်..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now