အပိုင်း ၁၈

11.2K 959 19
                                    

Uni

ဆောင်းတွင်းမနက်ခင်းရဲ့အေးစိမ့်မှု့က ကုတင်ပေါ်က လူသားနှစ်ယောက်ကို တိုးမဖောက်နိုင်ပေ..။တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမှူ့ကြောင့် နွေးနေကြသည်ထင့်....။

"အင်း..အေးတယ်..ကိုကို.."

ရင်ခွင်ထဲတိုးဝင်လာသောကိုယ်သေးသေးလေးကြောင့် တည်စေ မျက်လုံးတို့ပွင့်လာရသည်..။အိပ်မောကျနေသည့်ချစ်ရသူမျက်နှာလေးကို ငေးကြည့်ရင်း နှာခေါင်းလေးတစ်လျှောက်လက်နဲ့ပွတ်ဆွဲနေမိ၏..။

ဒီကလေးပေါက်တည်စေဆီလာအိပ်နေတာ ၁ပတ်ပြည့်တော့မည်..။

အိမ်ကဆင်းလာတာဆိုပဲ...။

အကြောင်းကတော့ ဟော်နန်းသိုက်က သူ့အစ်မဆီချောင်းပေါက်အောင်လာပြီး သူ့ရှေ့လာကြည်နူးပြနေလို့တဲ့...။

တကယ် ကလေးစိတ်..။

လက်မောင်းပေါ်ခေါင်းဆွဲမကာ တင်လိုက်တော့ လက်က ခါးပေါ်တင်လာသည်..။

"ငြိမ်ငြိမ်နေကိုကို...ချစ်ငယ်အေးလို့..အိပ်ယာမထချင်သေးဘူး..."

အိပ်ချင်နေသေးသည်မို့အသံကခပ်အက်အက်..။

"အဟင်း...နိုးနေပြီလား...မနက်၇နာရီခွဲနေပြီလေ..ချစ်ငယ်..ကိုကိုရုံးသွားရအုံးမယ်.."

"မသွားနဲ့တော့..ချစ်ငယ်အနားနေပေး..."

"ကိုကို ဒီနေ့တော့ တကယ်မဖြစ်ဘူး ချစ်ငယ်ရဲ့....နိုင်ငံခြားက စပ်တူလုပ်ငန်းရှင်တစ်ယောက်နဲ့ ချိန်းထားတယ်..."

သူငြင်းတော့နှူတ်ခမ်းကထော်လာပြီး မျက်တောင်လေးဖျတ်ကနဲပွင့်လာကာရန်ထောင်လေတော့သည်..။

"အဲ့တော့ အနားမနေပေးနိုင်ဘူးပေါ့...ဘာလဲ..ဘဲကြီး..အချစ်ပေါ့တာလား.."

"စိတ်မဆိုးနဲ့လေနော်...လုပ်ငန်းတွေ့ဆုံမှူ့ပြီးတာနဲ့ချက်ချင်းပြန်လာမယ်..တကယ်...ကတိ"

"သေချာလား..."

မျက်လုံးလှန်ကြည့်ကာမေးလာသူကိုခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြလိုက်ပြီးထပ်အာမခံလိုက်၏။

"အင်း..သေချာတယ်..."

"ပြန်မလာရင်....ဒီဟာကို ဆွဲဖြုတ်ပစ်မယ်..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now