Extra 3

15.7K 926 22
                                    

Uni

"ဒုန်း....ခွမ်း..."

"ဟ..ခင်ဗျားဘာလုပ်တာလဲ...ပစ္စည်းတွေကျကုန်ပြီဗျ.."

"မင်းကဆရာဝန်ရောဟုတ်ရဲ့လား..ဒီအနာလေးကိုချူပ်တာ အဲ့လောက်နာစရာလား..."

Sky ရန်ဖြစ်ပြီးလက်မောင်းပြဲလာသည့်လူနာကိုချူပ်နေတုန်း ထိုလူနာကချုပ်ကြိုးအပ်တစ်ချက်စထိုးတော့ရုန်းလိုက်တာကြောင့် ကပ်ကြေးတွေပြုတ်ကျကုန်သည်..။

စိတ်တိုတိုနဲ့အော်မိတော့ ထိုလူက သူ့သိက္ခာစော်ကားလာ၏..။

အရေးပေါ်ဌာနမှာဂျူတီကျရင်ထိုပြဿနာဆရာဝန်တိုင်းကြုံရသည်..။

အရေးကြီးလူနာအလိုက်ကြည့်ပေးနေပေမယ့်တချိူ့လူနာတွေကစည်းကျော်လွန်းသည်..။

အခုလည်းမချူပ်ခင်တုန်းကထုံဆေးထိုးဖို့ပြင်တော့ဆေးထိုးအပ်ကြောက်လို့ဒီတိုင်းချူပ်ပါလို့တောင်းဆိုခဲ့တာသူပဲမဟုတ်လား..။

တစ်ထွာလောက်ပြဲနေတာ နာမှာပေါ့..။

တပတ်ကိုနှစ်ရက်သာအရေးပေါ်မှာတာဝန်ကျလို့တော်သေးသည်..။

skyကကျန်တဲ့နေရာသာပြောင်ချော်ချော်လုပ်ချင်လုပ်မယ်လူနာကိစ္စနဲ့ပတ်သက်ရင်အလေးအနက်ထားသည်..။

ခွဲစိတ်တာကအစ သာမာန်ထိခိုက်ရှနာကိုချူပ်တာကအဆုံး အမာရွတ်တအားမထင်စေဖို့ ချူပ်ရာလှဖို့အလေးထားသည်..။

အခုလည်းလက်မောင်းမို့အက်ျီလက်တိုတွေဝတ်လို့ရအောင်အသေးဆုံးချုပ်ကြိုးနဲ့ချူပ်ပေးနေတဲ့စေတနာတို့ကရေစုံမျောသွားပြီ..။

"ကဲ..အဲ့တော့..ကျူပ်နဲ့ချူပ်မှာလား...မချူပ်ဘူးလား..."

"တခြားဆရာဝန်ရှာပေး..."

"ဖယ် skyငါချူပ်မယ်.."

အသံနဲ့အတူဝင်လာတဲ့ညီဖြစ်သူRain..။ပြောပြောဆိုဆိုလက်အိတ်ယူဝတ်လိုက်တာ​ကြောင့်နေရာကနေထပေးလိုက်သည်..။

အေး...ပွဲတော့လှပြီ...။

"ကဲ...ခင်ဗျားကိုကျူပ်ချူပ်မယ်...ထပ်ပြဿနာရှာရင် ခင်ဗျားပါးစပ်ပါအပ်နဲ့ချူပ်ပစ်မယ်..ပြောအခု..ထုံဆေးပေးရမှာလား..ဒီတိုင်းအစိမ်းချူပ်မှာလား..ရွေး.."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now