~1~

2K 101 9
                                    

ညချမ်းမှာတစ်စတစ်စနဲ့အိုမင်းခဲ့လေပြီ
ကြယ်ရောင်တဖြောက်ဖြောက်နဲ့ကောင်းကင်ယံမှာပိုတိုးလို့အရောင်မှိုင်းရင့်လျက်ရှိလေသည်

လူသူတို့နှင့်ဝေးသောရွာဦးဘုန်းကြီးကျောင်းငယ်လေးမှာတိတ်ဆိတ်အေးငြိမ်းစွာ
ဘုန်းကြီးလူထွက်ကပ္ပိယကြီးရဲ့အတန်ငယ်ပျင်းရိဖွယ်ရာဘုရားရှိခိုးသံမှာ တိုးလာလိုက်တစ်ချက်တစ်ချက်ကျယ်လာလိုက်ဖြင့် ပြတ်တောင်းပြတ်တောင်းကြားနေရလေသည်

အသက်၁၄နှစ်အရွယ် ကိုရင်ပညာလင်္ကာသည် ဘုန်းကြီးကျောင်းဝန်းထဲ၌ရှိသောကြေးဆင်းတုတော်ရှေ့ဝယ် ဖယောင်းတိုင်မီးများကိုထွန်းညှိကာနေလေသည်
ညချမ်းလေ၏ခပ်ပြေပြေလေအသိမ်းမှာ ဆီမီးတိုင်တို့ကလှုပ်လှုပ်ရှားရှားနွဲ့ယိမ်းလျက်
မည်သူကပ်လှူသွားမှန်းမသိသည့် လိမ္မော်ရောင်ရွှေဒင်္ဂါးပန်းလေးများကအတန်ငယ်ညှိုးငယ်ကာဦးညွှတ်ဟန်ပြုနေကြသည်

ကိုရင်လေးသည် ဆီမီးထွန်းကာဘုရားရှင်အားရှိခိုးပူဇော်ကန်တော့ပြီးသည့်နောက် ဆင်းတုတော်၏မျက်နှာတော်ကိုဖူးမြော်စူးစိုက်ကာငေးကြည့်လေသည်
ဆီမီးရောင်များကြောင့် ပကတိအေးချမ်းတင့်တယ်လျက်ရှိသောမျက်နှာတော်သည် အသရေအပေါင်းပြည့်စုံလျက် စိတ်နှလုံးဝယ်ချမ်းမြေ့ကြည်နူးလာစေလေသည်
အေးချမ်းမှုအပေါင်းကိုဖြစ်ပွားလာစေသည်
ကိုရင်ပညာလင်္ကာသည် မြတ်စွာဘုရားအားအလွန်ပင်ကြည်ညိုလေးစားကျိုးနွံလှစွာ ထိခြင်းငါးဖြာဖြင့်လက်အုပ်ချီကာ ကြည်ညိုသဒ္ဓါစွာပီတိအဟုန်ဖြင့် ရှိခိုးဖူးမြော်ကန်တော့လိုက်လေပြန်သည်

ပညာလင်္ကာသည်လူမှန်းသိတတ်စအရွယ်တည်းက ကျောင်းထိုင်ဆရာတော်ဦးခေမိန္ဒ၏ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် မြတ်စွာဘုရား၏သားတော်အနေနဲ့ဘဝတစ်လျှောက်လုံးနေခဲ့သည် ကြီးပြင်းခဲ့သည် မွေ့လျော်ခဲ့ပေသည်
သို့ပေမဲ့ မကြာခင်မိမိသည်ငြိမ်းချမ်းခြင်းတို့စုဝေးရာမြတ်စွာဘုရား၏အရိပ်အာဝါသအောက်မှထွက်သွားရပေတော့မည်ကိုတွေးမိလေသောအခါ စိတ်နှလုံးအိမ်မှာအတန်ငယ်နောက်ကျိသွားရပြန်သည်

EXCEPTION__Where stories live. Discover now