~12~

428 57 15
                                    

~CHAN~
မှင်နက်နက်နဲ့ရေးထားတဲ့စကားလုံးက စာအုပ်အဖုံးမှာထင်းလင်းစွာ

ချမ်းငြိမ်းပိုင်မှာဘယ်နှကြိမ်မြောက်မှန်းမသိဖွင့်ကြည့်ထားတဲ့ပန်းချီစာအုပ်လေးကိုပိတ်လိုက်သည်
၂နှစ်ကျော်မျှကြာမြင့်ခဲ့လေပြီမို့ စာရွက်သားတွေဟာအတန်ငယ်ဝါကျင့်ကျင့် ခဲမှုန်တွေဟာအတန်ငယ်မှုန်ဝါးဝါး

'တကယ်တော့ မင်းကမှကိုကို့ထက်စာရင် နေနိုင်တဲ့သူပါဦးငယ်ရယ်'
ခပ်တိုးတိုးရေရွတ်ရင်း ပြတင်းတံခါးကနေအပြင်ဘက်သို့ငေးမောကြည့်လိုက်မိသည်
တယိမ်းယိမ်းတနွဲ့နွဲ့ဖြစ်နေတဲ့ဝါးပင်စိမ်းတွေကိုမြင်နေရတာတောင် သူ့စိတ်ဟာအရင်လိုအေးချမ်းရွှင်လန်းမနေခဲ့ဘူး

*****

အတော်ကြာအိမ်ပြေးဖြစ်နေရာမှ နောက်ဆုံး ကိုယ့်စိတ်ကိုယ်မနိုင်တော့တဲ့ချမ်းငြိမ်းပိုင်ဟာ သောကြာနေ့ ညနေခင်းတောင်မရောက်သေး နေ့လယ်အစောပိုင်းမှာတင်အိမ်ကိုပြန်ရောက်ချလာလေသည်
တမောတကောနဲ့မျက်လုံးတို့ကတဝေ့ဝေ့
အလုပ်ကပြန်လာတိုင်း ဧည့်ခန်းမှာထိုင်ကာပုံဆွဲနေတတ်တဲ့ပုံရိပ်လေးကိုလည်း သူဒီနေ့မတွေ့

'ပေါ်ပေါ်က အရင်တစ်ပတ်ကပဲပြန်သွားပြီသားပိုင်ရဲ့'

'ဗျာ!ဘယ်လိုကြီးဒေါ် ပေါက်စကပြန်သွားပြီ ဟာ ကျွန်တော်လည်းမသိရပါလား'

'သားပိုင်အလုပ်များနေတာမို့လို့တဲ့ ပေါ်ပေါ်ကမေမေကြီးကိုမပြောခိုင်းတာ အိမ်ကလူတွေကိုတောင်လေဆိပ်လိုက်မပို့ခိုင်းဘူးကွယ် အလုပ်ရှုပ်ကုန်ကြပါမယ်တဲ့ ကြီးဒေါ်ကတော့ ပေါ်ပေါ်လေးကိုသတိရလိုက်တာ'
ဒေါ်စိန်မှုံမှာခေါင်းတစ်ခါခါနဲ့စိတ်မကောင်းသလိုရေရွတ်လေသည်

ချမ်းငြိမ်းပိုင် ဘာစကားမှပြန်မပြောမိ
ပေါက်စကသူ့ကိုနှုတ်မဆက်ဘဲထွက်သွားပြန်ပြီတဲ့
သူပြန်အလာကိုပေါက်စကစောင့်မနေခဲ့ဘူး
ပေါက်စက တကယ်ပဲသူ့ကိုစိတ်ဆိုးသွားပြီထင်ပါရဲ့

*****

'သားပိုင်'
အလုပ်ကနေပြန်လာတဲ့ချမ်းငြိမ်းပိုင်နား အပြေးလေးရောက်လာတဲ့ဒေါ်စိန်မှုံမှာမျက်နှာမကောင်းလှ

EXCEPTION__Where stories live. Discover now