~9~

427 63 14
                                    

'ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၃၆၊ ၅၀၆တွေနဲ့အမှုဖွင့်ခံထားရတာပဲ'
ကျောင်းပြီးတည်းကမတွေ့ဖြစ်တော့သည့် တက္ကသိုလ်ရဲ့အလှဘုရင်မယဉ်နွဲ့မေမှာ တနင်္ဂနွေနေ့ နေ့လည်ခင်းတစ်ခုမှာ ချမ်းငြိမ်းပိုင်ဆီဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ချလာသည့်အကြောင်းရင်းမှာ သူမရဲ့မောင်အငယ်ဆုံးမှာရန်ဖြစ်ကာအမှုဖွင့်ခံထားရသောကြောင့်ပင်

'၅၀၆ကခြိမ်းခြောက်မှုဆိုတော့ ထောင်ဒဏ်၂နှစ်လောက်အထိကျနိုင်တယ် ငါတတ်နိုင်သလောက်တော့ကူညီပေးပါ့မယ်'

'ကျေးဇူးပါချမ်းငြိမ်းရယ် ငါ့မှာလည်းအဲ့မောင်တစ်ယောက်ကိုမနိုင်ဘူး မေမေတို့ကလည်းအလိုလိုက်ထားတော့တော်တော်ဆိုးနေတာအဲ့ကောင်လေးက အကူအညီတောင်းပါတယ်နော်'

'အင်း အမှုညှိနှိုင်းလို့ရအောင်တော့ ငါကြိုးစားကြည့်ပေးပါ့မယ်'

'အေးပါ နင့်ကိုတကယ်ကျေးဇူးတင်ပါတယ်'
ယဉ်နွဲ့မေရဲ့စကားကြောင့် သူခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်မိတော့သည်

*****

ယဉ်နွဲ့မေ
အဲ့နာမည်ကိုသူသေချာမှတ်မိလို့နေသည်
ချမ်းပိုင်သူ့သူငယ်ချင်းအစ်ကိုကိုရေးပေးတဲ့ရည်းစားစာထဲက နွဲ့ဆိုတာ အဲ့အစ်မကိုရည်ညွှန်းထားခဲ့သည်မဟုတ်ပါလား
ဘာလို့ ချမ်းပိုင်ဆီကိုရောက်လာရတာများလဲ

ထွန်းပေါ်ဦးမှာခြံထဲစက်ဘီးတစ်စီးနဲ့အလုပ်ရှုပ်နေတုန်း ချမ်းငြိမ်းပိုင်ဆီမရည်ရွယ်ဘဲရောက်ချလာတဲ့ယဉ်နွဲ့မေကြောင့် တစ်စစီဖြုတ်ထားတဲ့စက်ဘီးကိုပြန်ပြင်ဆင်ဖို့ရာလည်းအာရုံမရောက်တော့ အိမ်ထဲဝင်သွားတာနာရီဝက်လောက်ခန့်ရှိနေပြီဖြစ်တဲ့လူ၂ယောက်ကြောင့် မျက်လုံးတွေကအိမ်ပေါက်ဝကိုသာခဏခဏရောက်ရောက်သွားနေမိသည်

တစ်စစီအဖြုတ်ခံထားရတဲ့စက်ဘီးလေးသာ စကားပြောတတ်မယ်ဆို ငါ့ကိုလည်းအဖက်လုပ်ပါဦးလို့အဆက်မပြတ်အော်နေသံကိုကြားရလိမ့်မည်

အောက်နှုတ်ခမ်းကိုတတိတိကိုက်ကာ အိမ်ပေါက်ဝကိုအကြည့်ရောက်သွားမိတဲ့တစ်ခဏ ပြန်တော့မည့်ဟန်ထိုအစ်မကိုနှုတ်ဆက်နေရင်းက သူ့ဘက်ကိုကြည့်နေတဲ့ချမ်းပိုင်နဲ့ အကြည့်ချင်းသွားဆုံတာကြောင့် ချက်ချင်းအရှေ့ကစက်ဘီးဆီသို့ပြန်အကြည့်လွှဲလိုက်မိသည်

EXCEPTION__Where stories live. Discover now