~10~

406 53 6
                                    

'ချမ်းပိုင် ထမင်းစားကြ'

'ဟင် ဪ ပေါက်စပဲစားလိုက်တော့နော် ကိုကိုစားလာခဲ့ပြီးပြီ'
စကားပင်ဆုံးအောင်ပြောလို့မပြီးသေး မျက်လုံးချင်းတောင်မဆုံ ချက်ချင်းပင်ထိုင်နေရာမှထကာ အခန်းထဲသို့ဝင်သွားသည့် ချမ်းငြိမ်းပိုင်ရဲ့နောက်ကျောပြင်ကို Leoဟာဒီတိုင်းလေးငေးကြည့်နေခဲ့လေသည်

*****

'သား'
အမေ့အသံကြောင့် အတွေးတွေပျံ့လွင့်နေမိရာကနေ ချမ်းငြိမ်းပိုင်အမေဖြစ်သူကိုကြည့်လိုက်လေသည်

'အလုပ်တွေလည်းအရမ်းမလုပ်ပါနဲ့ သားပင်ပန်းပါ့မယ်'
ဆေးသောက်ပြီးတဲ့အမေက ရေဖန်ခွက်ကိုဘေးကခုံပုလေးပေါ်တင်ရင်းကပြောလာလေတာကြောင့် သူပြုံးကာခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်

အမှန်တော့ သူတွေးနေမိတာကတစ်ခြားအကြောင်းအရာတစ်ခုသာ
တစ်ခါမှသူဒီလိုအတွေးမများဖူး
ညီအစ်ကိုအချင်းချင်း ပေါက်စက သူ့အပေါ်ထိုသို့မထားအပ်တဲ့စိတ်သဘောမျိုး
မဖြစ်တန်ရာ ပေါက်စက အဲ့လိုကလေးမျိုးမဟုတ်မှန်းသူသေချာသိသည်
စကားတစ်ခွန်းကြောင့်နဲ့ ပေါက်စအပေါ်ဒီလိုသံသယစိတ်တွေထားနေမိသည်ကိုက သူ့အတွက်စိတ်ဖိစီးလာစေသလို ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်တင်မိစိတ်တွေကများလာသလို
ပေါက်စလိုဘာမှမသိရှာတဲ့ကလေးတစ်ယောက်ကို သူဘယ်လိုများထင်ရက်မိလိုက်ပါလိမ့်
ကိုကိုတောင်းပန်ပါတယ်ပေါက်စရယ်

*****

ရေဒီယိုကနေလာနေတဲ့သီချင်းသံကလွမ်းလွမ်းဆွေးဆွေး
အဆိုတော်ရဲ့အသံဆွေးမြည့်မြည့်က နေရင်းထိုင်ရင်းဘယ်သူ့ကိုလွမ်းလို့လွမ်းချင်လာမှန်း တွေ့ချင်လာမှန်းမသိနိုင်လောက်အောင် ခံစားချက်အပြည့်ဖြင့်

ညနေကအချိန်အခါမဟုတ်မိုးရွာထားသည်မို့ ပုရစ်အော်သံတိုးသဲ့သဲ့ကိုလည်းကြားနေရသည်
တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့ညလေအေးမှာတောင်မိုးနံ့သင်းစွာ

​ခြံထဲကပုန်းညှက်ပင်ကြီးရဲ့အောက်မှာ ရေဒီယိုတစ်လုံးနဲ့ထိုင်နေတဲ့ထွန်းပေါ်ဦးမှာ တိမ်မည်းတွေဖုံးလိုက် ကြည်လင်သွားလိုက်နဲ့ တူတူပုန်းတမ်းကစားနေသည့်နှယ် ဖိုးလမင်းကိုငေးကာကြည့်လျက် ကြယ်တွေဟာလည်းမှိတ်တုတ်မှိတ်တုတ် တစ်ခါတစ်ခါစိန်ပွင့်တွေလိုဖြိုးဖြိုးဖြက်ဖြက်

EXCEPTION__Where stories live. Discover now