~13~

400 54 6
                                    

'မောဟဆိုတဲ့အမိုက်မှောင်ကိုသာမန်ပုထုဇဉ်အနေနဲ့ပယ်ဖျောက်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းလှတယ် ကိလေသာတရားကပူပန်လောင်ကျွမ်းစေတယ်ဒကာလေး'
သက်တော်၆၀ကျော်ပြီဖြစ်တဲ့ဆရာတော်ကြီးခေမိန္ဒမှာ လက်အုပ်ချီကာခေါင်းကိုငုံ့ထားတဲ့ချမ်းငြိမ်းပိုင်ကိုကြည့်ကာ သက်ပြင်းဖွဖွကိုချလေတယ်

'သံသရာငွေ့ပါလာတော့လည်း ရှောင်လွှဲဖို့ကမစွမ်းသာတော့ပြန်ဘူး မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုနှလုံးသွင်းပါဒကာလေး ဆင်ခြင်ဉာဏ်နဲ့အရာရာကိုစဉ်းစားပါ ကိုယ့်စိတ်ရဲ့အေးငြိမ်းရာအစစ်အမှန်ကိုရှာဖွေကြည့်ပါ ငြိတွယ်နေမိတဲ့အရာတွေကလွှတ်ချဖို့ခက်ခဲတယ်'

'ကိလေသာကနေရုန်းထွက်ဖို့မလွယ်ဘူးမဟုတ်လား ပညာလင်္ကာ'
ဆရာတော်ကြီးရဲ့စကားကြောင့် ချမ်းငြိမ်းပိုင်ခေါင်းကိုငုံ့ကာသာနှုတ်ဆိတ်နေမိသည်

ဆရာတော်ကအတန်တန်သူ့ကိုသတိပေးထားခဲ့ရဲ့သားနဲ့
အတန်တန်သူ့စိတ်ကိုဆင်ခြင်ဉာဏ်နဲ့ထိန်းနေခဲ့ပါရဲ့နဲ့
ဘယ်လိုယိုစိမ့်မှုတွေများရှိနေခဲ့လို့ပါလဲ
အာရုံငါးပါးရဲ့လှည့်ဖြားဆွဲဆောင်မှုအောက်မှာ သူဟာအတုံးအရုံး
သူ့ရဲ့စိတ်နှလုံးအစဉ်မှာ ထိုကောင်ငယ်လေးဆီမှာသာ တဝဲလည်လည်နဲ့နယ်ကျွံလုပြီးနေခဲ့ပြီ

*****

'အန်တီလေး'
စီးကရက်ကိုလက်ကြားညှပ်ကာ ခြေချိတ်ကာထိုင်ရင်းဆေးလိပ်သောက်နေတဲ့ ဒေါ်မီမီတင်ကချမ်းငြိမ်းပိုင်ကိုခေါင်းမော့လို့ကြည့်တယ်

'ဘာကိစ္စလဲ'
ဒေါ်မီမီတင်ရှူထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေက ချမ်းငြိမ်းပိုင်ရဲ့မျက်နှာနားမှာတဝေ့လည်လည်ဖြင့်

'Leo'

'အဟက်'
ချမ်းငြိမ်းပိုင်ရဲ့နှုတ်ကနေထွက်လာတဲ့အမည်နာမတစ်ခုအပေါ် သူမကခပ်လှောင်လှောင်တစ်ချက်ပြုံးဟန်ပြုလေသည်

'Leo အခုဘယ်မှာလဲ'

'မင်းက တို့သားအကြောင်း ဘာလို့သိချင်နေရတာလဲ'

'Leoကမင်းကိုမတွေ့ချင်လို့တဲ့ လိုက်မလာတာ ရပြီမလား သွားတော့'
ဟင်!

EXCEPTION__Where stories live. Discover now