~16~

397 60 15
                                    

ကုလားထိုင်မှာခြေချိတ်ထိုင်ကာ စီးကရက်ကိုလက်ကြားညှပ်လို့ ဆေးလိပ်ငွေ့တလွေ့လွေ့ကြားက ဒေါ်မီမီတင်ကိုမျက်နှာလွှဲလိုက်ကာ ချမ်းငြိမ်းပိုင်အပေါ်ထပ်သို့တက်လာလိုက်သည်

ကလေးဆန်သည်ဟုပဲပြောပြော
ရိုင်းစိုင်းသည်လို့ပဲထင်ထင်
ချမ်းငြိမ်းပိုင်ဒီတစ်ခါတော့ အန်တီလေးကိုအမှန်ပင်ဒေါသထွက်မိသည်
ပေါက်စဒီကိုပြန်ရောက်နေမှန်းသိရက်နဲ့ တစ်ခါလေးတောင်မှသူ့ကိုမပြောပြခဲ့တဲ့အန်တီလေးကို ချမ်းငြိမ်းပိုင်စကားလည်းမပြောချင်ပေ
ဟုတ်သည် သူထူးဆန်းလာသည်
ပေါက်စနှင့်ပတ်သက်လာလျှင် သူ့စိတ်ကအတော်ပင်ဖော်ပြရခက်သည်ခန့်မှန်းရခက်သည်အကဲပိုနေတတ်သည်ပင်

တိုက်ပုံအင်္ကျီအမည်းကိုလက်တစ်ဖက်ကကိုင်ထားရင်း အလုပ်အိတ်ဆွဲကာအိမ်ပေါ်ထပ်ကိုတက်လာတဲ့ချမ်းငြိမ်းပိုင်မှာ အခန်းထောင့်ချိုးကနေလှစ်ကနဲမြင်လိုက်ရတဲ့ ဝရန်တာကအဖြူအရိပ်လေးကြောင့် လှမ်းနေတဲ့ခြေလှမ်းတွေရဲ့ဦးတည်ရာကိုပြောင်းလိုက်မိသည်

'အတတ်ကောင်းတွေတတ်နေတာပဲ'
ဒူးယားစီးကရက်တစ်လိပ်ကိုရှိုက်ကာနေတဲ့ထွန်းပေါ်ဦးမှာ ကြားလိုက်ရတဲ့အသံကြောင့် အနောက်ကိုအလန့်တကြားလှည့်ကြည့်လိုက်မိသည်

မျက်မှောင်ကြုတ်ကာလက်ထဲကစီးကရက်ဆီအကြည့်ရောက်နေတဲ့မျက်ဝန်းညိုတို့ကြောင့် ထွန်းပေါ်ဦးမှာမဟုတ်တာခိုးလုပ်နေတာကိုလူမိသွားလို့ထိတ်လန့်သွားသည့်ကလေးနှယ် ချမ်းငြိမ်းပိုင်ကိုမျက်နှာငယ်လေးနဲ့ကြည့်လာလေသည်
လက်ထဲကဆေးလိပ်ကိုချက်ချင်းမီးသတ်ပြီးလွှတ်ချပစ်လိုက်ဖို့လည်းမမေ့ပေ

'ဟင်း...'
ချမ်းငြိမ်းပိုင်ရဲ့သက်ပြင်းချသံခပ်ပြင်းပြင်းနောက်မှာ Leoဟာသူ့အောက်နှုတ်ခမ်းထူအိအိတွေကိုတစ်ချက်ဖိကာကိုက်လိုက်မိသည်
ကျစ်!ဆေးလိပ်ခိုးသောက်ပါတယ်ဆိုမှ ကိုကိုနဲ့တည့်တည့်တိုးတဲ့အဖြစ်
ကိုကိုသူ့ကိုပိုစိတ်ပျက်အောင် တစ်စတစ်စနဲ့လုပ်မိပြန်ပြီ

'ဘာတွေ စိတ်ညစ်စရာရှိနေလို့လဲ'
ဆူပူကာဆုံးမစကားတွေကိုကို့နှုတ်ကထွက်လာလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ မဟုတ်ခဲ့
ကိုကိုကသူ့မျက်ဝန်းတွေကိုစူးစူးနင့်နင့်ငေးစိုက်ကာကြည့်လို့လာသည်
အဲ့အကြည့်တွေထဲမှာ ချမ်းပိုင်ရဲ့သူ့ကိုယ်သူအပြစ်တင်မှုတွေကတစ်စွန်းတစ်စကပ်ငြိလို့ပါနေတယ်
ယူကျုံးမရဟန်နဲ့ကိုကိုမေးလာတဲ့အခါ ထွန်းပေါ်ဦးဝရန်တာလက်ရန်းဘောင်မှာတင်ထားမိတဲ့ ဒူးယားစီးကရက်ဘူးနဲ့မီးခြစ်ကို ချက်ချင်းအမှိုက်ပုံးထဲသွားလွှတ်ပစ်ချင်စိတ်သာရှိတော့တယ်

EXCEPTION__Where stories live. Discover now