~7~

456 60 13
                                    

စေ့ရုံသာစေ့ထားတဲ့အခန်းတံခါးကိုခပ်ဖြည်းဖြည်းတွန်းကာဖွင့်လိုက်သည်
ကြမ်းပြင်ပေါ်မှာသစ်သားစားပွဲအသေးလေးကိုချကာ အလုပ်လုပ်နေပုံရသည့်ထိုလူသားမှာ စာရွက်ပုံတွေကြားခေါင်းငိုက်စိုက်ကာအိပ်မောကျနေလေပြီ

'နားချိန်တန်ရင်နားရမှာပေါ့ ကိုကိုကအရမ်းအလုပ်လုပ်လွန်းတယ်'
ဘေးတစ်စောင်းမြင်နေရတဲ့မျက်နှာကိုငေးကာကြည့်ရင်း စေ့ပိတ်ထားတဲ့နှုတ်ခမ်းတွေကတစ်ချက်အပေါ်သို့ကော့တက်သွားမိသည်
ကိုကိုကသိပ်ကိုတပ်မက်ချင်စရာကောင်းလွန်းတယ်

အရမ်းဖြူစင်တယ် ရိုးသားလွန်းတဲ့ကိုကိုကစာရွက်အဖြူတစ်ရွက်လိုပဲ
သူဘယ်လောက်ကြိုးစားပြီး ဆေးရောင်ခြယ်ဖို့လုပ်လုပ် ဆေးခြယ်လို့မရတဲ့ ပိတ်ကားဖြူအတိုင်းတည်ရှိနေမယ့်လူမျိုးဆိုတာ သူကောင်းကောင်းသိတယ်
မေမေထားသာဒီလောကကြီးမှာမရှိတော့ရင် ကိုကိုကသူအပါအဝင် အရာရာကိုဒီအတိုင်းထားသွားနိုင်မယ့်သူမျိုးဆိုတာလည်း သူသိထားပြီးသား
ဒါပေမဲ့ ရပ်တန့်လို့မရဘူးချမ်းပိုင်
ကျွန်တော် ကိုကို့အပေါ်မှာဖြစ်တည်နေတဲ့အဲ့ခံစားချက်တွေက ရပ်တန့်လို့မရဘူး
ရပ်တန့်လို့မရတော့ဘဲ ပိုပိုထုထည်ကြီးလာတာပဲရှိတယ်

အိပ်မောကျနေတဲ့ထိုလူသားကိုငေးကြည့်ရင်း သူခေါင်းကိုတဖြည်းဖြည်းငုံ့ချကာ ချမ်းပိုင်ရဲ့ပါးတစ်ဖက်ကိုခပ်ဖွဖွနမ်းလိုက်မိသည်
အချိန်ခဏလေးပဲရည်ရွယ်ခဲ့ပေမဲ့ မိနစ်အတိုင်းအတာတစ်ခုအထိကြာရှည်သွားခဲ့မှန်းသူသတိမထားမိခဲ့

'ကျွန်တော့်ကိုခွင့်လွှတ်ကိုကို ကိုကို့ပါးတစ်ခြမ်းကိုခွင့်မတောင်းမိတဲ့အတွက်'
ကိုကိုသာသိခဲ့ရင်လည်း သူ့ကိုခွင့်လွှတ်မယ်ဆိုတာသူသိပြီးသား

ချမ်းငြိမ်းပိုင်ဆိုတဲ့လူသားဟာဒေါသတရားမောဟတရားမာနတရားတို့ကင်းတယ်
ပုထုဇဉ်လူသားတစ်ဦးပေမဲ့ တပ်မက်ခြင်းမရှိတဲ့လူသားမျိုး
ဒါပေမဲ့ ကျွန်တော် ကိုကို့ရဲ့တပ်မက်မှုတစ်ခုဖြစ်ချင်တယ်

*****

သာမန်အလုပ်သမားတစ်ဦးက တစ်နေ့မှာပျမ်းမျှလစာ၆ကျပ်ပဲရတယ်
ရန်ကုန်လိုမြို့ကြီးပြကြီးမှာ နေစရာအိမ်တစ်လုံး အတည်တကျအလုပ်အကိုင်တစ်ခုမှမရှိဘဲနဲ့ ရှင်သန်ရပ်တည်ဖို့ဆိုတာ လက်တွေ့မှာတကယ်ကိုမလွယ်တဲ့ကိစ္စပင်
အတည်တကျအလုပ်တစ်ခုရှိသည်ပဲထား အိမ်ခန်းငှားခစရိတ်ထောင်းတာနဲ့ပဲ မိသားစုတစ်စုမှာ၂ယောက်လောက်မှအလုပ်မရှိရင် ခက်ခဲသွားနိုင်ပြန်သည်

EXCEPTION__Where stories live. Discover now