~5~

560 77 3
                                    

ဖယောင်းတိုင်မီးစာလေးဟာ လှုပ်လီလှုပ်လဲ့နဲ့ ကနွဲ့ကလျယိမ်းကာနွဲ့ကာ
လေးထောင့်စပ်စပ်ကျွန်းစာကြည့်စားပွဲမှာထိုင်နေတဲ့ကောင်လေးမှာ တံဆိပ်ခေါင်းကပ်ထားတဲ့စာအိတ်လေးကိုဂရုတစိုက်နဲ့ဖွင့်ကာဖောက်လို့နေလေသည်
အထဲကအချိုးတကျခပ်ညီညီခေါက်ထားတဲ့စာရွက်လေးဟာ ဖယောင်းမီးရဲ့အလင်းရောင်အောက်မှာ အတန်ငယ်ဝါကျင့်ကျင့်

ချမ်းပိုင်~ဟုအစချီကာရေးထားတဲ့စာလေးမှာ စာလုံးပေါင်းသတ်ပုံအမှားများကအများအပြား
ချမ်းငြိမ်းပိုင်ဆီကိုပို့မှာမို့ထင် သေချာဂရုတစိုက်ရေးထားတဲ့ပဲပင်ပေါက်လက်ရေးလေးတွေကမှင်ကိုစိုနက်လို့

အညိုဖျော့ရောင်ဆံပင်လေးတွေနဲ့ အနောက်နိုင်ငံမှာကြီးပြင်းလာတဲ့ပေါက်စဟာ မြန်မာလူမျိုးပေမဲ့ အသားကခပ်ဖြူဖြူ မြန်မာစကားကိုထမင်းစားရေသောက်ပြောနိုင်နေပေမဲ့ တစ်ချို့စကားလုံးတွေရဲ့အဓိပ္ပာယ်ဆိုလိုရင်းကိုသူသိပ်မသိပေ စာလုံးပေါင်းသတ်ပုံကအရင်ကထက်စာရင်တော့ အများကြီးပိုတိုးတက်လာသည်ဟုပင်ဆိုရမည် သို့ပေမဲ့ အများကြီးမှားယွင်းနေသေးသည်ကိုကြည့်ကာ ချမ်းငြိမ်းပိုင်တစ်ချက်ပြုံးလိုက်မိသည် ဒီတစ်ခါပေါက်စလာရင်လက်ရေးလှရေးနည်းလည်းသူသင်ပေးမည် ပေါက်စလေးအတွက်မြန်မာသဒ္ဒါစာအုပ်တွေလည်းကြီးဒေါ်ဒေါ်စိန်မှုံကမာရွတ်ဘက်သွားကာဈေးဝယ်တိုင်းသူအဖော်လိုက်ကာသွားဝယ်ထားသေးသည်

တစ်လတစ်ခါစာတိုက်ကနေရောက်ရောက်လာတတ်တဲ့စာအိတ်လေးတွေနဲ့အတူထွန်းပေါ်ဦးရဲ့စာလုံးပေါင်းသတ်ပုံအမှားမှားနဲ့လက်ရေးမသေမသပ်စာလေးတွေမှာ ချမ်းငြိမ်းပိုင်ရဲ့စာကြည့်စားပွဲညာဘက်အံဆွဲထဲက ဘုရင်မဘီစကွတ်သံဘူးခွံထဲမှာ အစီအရီ

အရွက်၄၀ပါတဲ့ဗလာစာအုပ်လေးမှာလည်း သူပေါက်စဆီစာပို့တိုင်းအဖြဲခံထားရတာမို့ ပါးပါးရှပ်ရှပ်လေးသာကျန်တော့သည်

ပေါက်စဆီကနေသူ့ဆီကိုရောက်လာတဲ့စာတွေမှာ မြန်မာလိုရေးထားပေမဲ့
သူကနေပေါက်စကိုစာပြန်ပို့တဲ့အခါမှာ အင်္ဂလိပ်လိုသာရေးလေ့ရှိသည်
အဘိုးမှာ အင်္ဂလန်လူမျိုးစစ်စစ် ကြေးနန်းဝန်ထောက်ဖြစ်သည်မို့ အိမ်မှာရှိတဲ့အိမ်သားအားလုံးအင်္ဂလိပ်စကားကိုပိုင်ပိုင်နိုင်နိုင်ပြောဆိုနိုင်ကြသည် သူကတော့ဘွားဘွားကြီးကျေးဇူးနဲ့ အတော်ပင်အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာသည်ဟုပင်ဆိုရမည်
အရေးလေ့ကျင့်သည့်အနေနှင့် ပေါက်စကိုစာပို့တိုင်းသူတတ်သလောက်မှတ်သလောက် အင်္ဂလိပ်လိုလေးမတောက်တခေါက်ရေးစပြုရင်း အခုအထိပေါက်စဆီစာပို့တိုင်းအင်္ဂလိပ်လိုသာရေးဖြစ်သွားတော့သည်

EXCEPTION__Where stories live. Discover now