~4~

578 75 18
                                    

လေယာဉ်အချိန်နှောင့်နှေးမှုကြောင့်ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုဆိုက်ရောက်တဲ့အချိန်မှာမနက်ဝေလီဝေလင်း
ရန်ကုန်ဆောင်းဟာထင်သလောက်မအေးပေမဲ့ တစ်ချက်တစ်ချက်ဝှေ့ကာတိုက်တဲ့လေနုအေးကတော့ နှာဖျားထိပ်တွေကိုပါအေးခဲသွားမတတ်
ဝတ်ထားတဲ့ဂျင်းဂျာကင်ကိုကိုယ်မှာလုံအောင်ဆွဲပတ်လိုက်ရင်း အတန်ငယ်ရှုပ်ပွနေတဲ့ဆံပင်တွေကိုလက်ချောင်းတွေနဲ့ထိုးသပ်လိုက်သည်
အတူပါလာသည်ဆိုလို့ဘေးလွယ်အိတ်တစ်လုံးသာ

ကောင်းကင်ပြင်မှာခပ်ရေးရေးမြင်နေရသေးတဲ့ လတစ်ခြမ်းပဲ့ကိုမော့ကြည့်ရင်း တစ်ချက်ပြုံးလိုက်မိသည်
ကျွန်တော်ပြန်လာပြီ~ချမ်းပိုင်

*****

'ဗျို့ ရှေ့နေကြီး လာပြီလားဗျ'
ဦးချစ်ထွန်းရဲ့ထမင်းကြော်ဆိုင်ထဲဝင်လိုက်သည်နှင့် အဝင်ဝကသစ်သားစားပွဲခုံမှာထိုင်ကာပိုက်ဆံရေနေတဲ့ဦးချစ်ထွန်းရဲ့နှုတ်ဆက်သံကိုအရင်ဆုံးကြားလိုက်ရလေသည် ထို့နောက်

'ဟေး ရှေ့နေကြီးအတွက်သုံးရောင်ခြယ်တစ်ခွက်နဲ့ထမင်းကြော်အလွတ်တစ်ပွဲဟေ့'
သူဆိုင်ထိုင်တိုင်းစားနေကျကိုပါတန်းမှာပေးသံကြောင့် တစ်ချက်ပြုံးလိုက်ရင်း တာလပတ်မိုးထားတဲ့ဆိုင်လေးရဲ့အတွင်းဘက်ထောင့်ကျကျဝိုင်းမှာထိုင်လိုက်လေသည်
ခွေးခြေခုံပုတစ်ခုံကိုဘေးနားဆွဲရင်း လက်ထဲကအိတ်ကိုတင်လိုက်သည်

တစ်နေ့လုံးအမှုကိစ္စများနှင့်စာရွက်ပုံများကြားခေါင်းမဖော်နိုင်ခဲ့သည်မို့ ညနေစောင်းမှပင်တရားရုံးဝင်းထဲမှာရှိသည့် ထမင်းကြော်ဆိုင်လေးမှာဝမ်းမီးကိုငြှိမ်းရလေတော့သည်

သက်သက်လွတ်စားသည်မို့အသားမပါတဲ့ထမင်းကြော်ပူပူကိုစားရင်း အောက်ဆုံးတွင်နို့ဆီခပ်များများပါသည့်သုံးရောင်ခြယ်လက်ဖက်ရည်ခွက်ကိုမော့ကာ စားနေသည်ကိုအမြန်လက်စသတ်လိုက်သည်
၅ကျပ်တန်တစ်ရွက်ကိုအိတ်ထောင်ထဲမှထုတ်ကာခုံပေါ်တင်ရင်းဆိုင်ထဲမှထွက်လာလိုက်တော့ အကြွေပြန်အမ်းဖို့အော်ပြောလာသည့်ဦးချစ်ထွန်းရဲ့အသံကိုထုံးစံအတိုင်းကြားရပြန်တာကြောင့် သူလက်ကာပြလိုက်မိသည်
တရားရုံးဝင်းထဲထမင်းကြော်ဆိုင်ကျဉ်းကျဉ်းလေးကိုကုတ်ကတ်ဖွင့်ထားရသည့်ဦးချစ်ထွန်းမှာသားသမီး၅ယောက်ရှိသည့်အပြင် သားအကြီးဆုံးမှာလုပ်သားများကောလိပ်တွင်စာမေးပွဲဖြေရန်ဝင်ကြေးငွေ၆၅ကျပ်လိုနေကြောင်း ဦးချစ်ထွန်းသည်ညည်းညည်းညူညူပြောနေတတ်သည်ပင်

EXCEPTION__Där berättelser lever. Upptäck nu