~22~

707 55 39
                                    

'ကျွန်တော့်အသက်ရာ စိုးရိမ်လွန်းတတ်လိုက်တာ ကျွန်တော်ကလေးမဟုတ်တော့ပါဘူး'

​တောင်ပေါ်မြေနီလမ်းလေးကမညီမညာ အတော်အတန်မတ်စောက်စွာ
မြေကြီးကိုပဲလှေကားထစ်သဖွယ်ထွင်းထုထားတဲ့တောင်တက်လမ်းကလေး
ထုံးဖြူသုတ်ထားတဲ့စေတီမှာ ခပ်မြင့်မြင့်တောင်ပေါ်ဝယ်ငွားငွားစွင့်စွင့် သပ္ပာယ်လှစွာအေးချမ်းလှစွာ

အလေ့ကျပေါက်နေတဲ့ပန်းရိုင်းလေးတွေ လိမ္မော်ရောင်ရွှေဒင်္ဂါးပန်းလေးများမှာလည်း တောင်တက်မြေနီလမ်းရဲ့တစ်ဖက်တစ်ချက်စီမှာ အစီအရီဖူးကာပွင့်လို့

ညနေနေဝင်ရီတရော ဘယ်ပျောက်သွားမှန်းမသိလေတဲ့ထွန်းပေါ်ဦးကို ချမ်းငြိမ်းပိုင်ခမျာ အဖေကြီးကသားပျောက်ရှာသလို လိုက်ရှာရပြန်သည်
အကြောင်းပြချက်မူကား နေရာတွေလမ်းတွေကိုမမှတ်မိတတ်တဲ့ သူ့ပေါက်စလေး တစ်ယောက်တည်းလမ်းပျောက်ရှာပုံတော်ဖွင့်နေရမှာစိုးရိမ်လို့ပါတဲ့

'ဒါပေမဲ့လည်း လမ်းပျောက်နေရင်ဘယ်လိုလုပ်မလဲ'
လည်ကတုံးအင်္ကျီလက်ရှည်ကိုတံတောင်ဆစ်အထိခေါက်တင်ထားကာ အတန်ငယ်မောနေဟန်နဲ့ပြန်ပြောလာတဲ့ ချမ်းငြိမ်းပိုင်ကိုကြည့်ကာ ထွန်းပေါ်ဦးရဲ့နှုတ်ခမ်းတွေဟာ အပေါ်ကိုကော့တက်ကုန်တော့သည်

'ကျွန်တော်တကယ်သိချင်ခဲ့မိတာ'

​ခပ်လှမ်းလှမ်းတောင်ခြေမှာမြင်နေရတဲ့အိမ်အမိုးတွေ စိုက်ခင်းတွေသစ်ပင်ဝါးရိပ်စိမ်းတွေကို တောင်ပေါ်ကနေထွန်းပေါ်ဦးမှာ ငေးလို့ကြည့်လေသည်
စိမ်းစိုလို့မြူရစ်ဆိုင်းတဲ့ တောင်တွေဝိုင်းတဲ့မြို့ငယ်လေးမှာ ပကတိအေးချမ်းစွာ

'ချမ်းပိုင်အမြဲပြောနေခဲ့တဲ့ ပြန်သွားရမယ့်နေရာဆိုတာ ဘယ်လိုမျိုးလဲလို့သိချင်ခဲ့မိတယ်'
ချမ်းငြိမ်းပိုင်မှာ သူ့ဘေးမှာယှဉ်ကာရပ်ရင်း အဝေးတစ်နေရာကိုအကြည့်ပို့ထားတဲ့ကောင်ကလေးကိုသာ ငြိမ်ငြိမ်လေးငေးစိုက်လို့ကြည့်နေဆဲ

'ကျွန်တော်အပါအဝင် အရာရာကိုထားပစ်ခဲ့နိုင်လောက်အောင်အထိ အဲ့နေရာကိုပြန်သွားချင်နေခဲ့တဲ့ ချမ်းပိုင်ကို ကျွန်တော်မေးချင်ခဲ့ဖူးတယ်'

EXCEPTION__Where stories live. Discover now